ပရိသတ်တွေရဲ့ ချီးကျူးမှုကိုခံနေရတဲ့ ယုန်လေးရဲ့ စိတ်ကူး သီချင်း

ပရိသတ်ကြီးရေ ပရိသတ်တွေရဲက အချစ်တော် အဆိုတော်သရုပ်ဆောင် ဒါရိုက်တာ ယုန်လေးကတော့ ဒီနေ့မှာ သူ့ရဲ့ စိတ်ကူးဆိုတဲ့ သီချင်းလေးထွက်ရှိလာခဲ့ပါပြီ။ ဒီသီချင်းလေးမှာတော့ ယုန်လေးနဲ့ အတူ A4 ကျော်စွာ၊ Min Zတို့လည်း အတူတူပါဝင်သီဆိုထားပြီး (၃)ယောက်အတူတူဖန်တီးခဲ့တဲ့ ဒုတိယမြောက်သီချင်းလေးလည်းဖြစ်ပါတယ်။

ပရိသတ်တွေက သီချင်းလေးထွက်ရှိလာဖို့ကြေညာလိုက်ကတည်းက သီချင်းလေးကို မျှော်လင့်စောင့်စားနေခဲ့တာဖြစ်ပြီးအခုထွက်ရှိလာချိန်မှာလည်း ရင်ထဲရောက်တဲ့ သီချင်းတစ်ပုဒ်ဖြစ်နေတာကြောင့် ချီကျူးနေခဲ့ကြပါသေးတယ်။ ဒီသီချင်းလေးကလည်း “ဝမ်းစာ” သီချင်းလိုပဲ ယုန်လေး A4 ကျော်စွာနဲ့ Min Zတို့ရဲ့ ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးတွေကို ဖော်ကျူးရေးသားထားတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။

Celegabar ပရိသတ်ကြီးတွေရော ဒီနေ့မှာ အသစ်ထွက်ရှိလာတဲ့ ယုန်လေး၊ A4 ကျော်စွာ နဲ့ Min Z တိုကရဲ့ “စိတ်ကူး” သီချင်းလေးကို နားဆင်ပြီးကြပြီလား။ မကြည့်ရှုရသေးတဲ့ CeleGabar ပရိသတ်ကြီးတွေလည်း ကြည့်ရှု နားဆင်လို့ရအောင် CeleGabar ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ် ပရိသတ်ကြီးရေ။

Chilli – CeleGabar
Source – Orginal Gangster