“လွမ်းနေလို့” သီချင်းထွက်ရှိပြီးတာနဲ့ ရောက်ရှိလာတဲ့ ပရိသတ်တွေရဲ့ လက်ဆောင်တွေကြောင့် ဝမ်းသာပီတိဖြစ်နေတဲ့ အေးမြဖြူ

ပရိသတ်တွေရဲ့ အချစ်တော်လေး အေးမြဖြူကတော့ “လွမ်းနေလို့” ဆိုတဲ့ ပထမဆုံးကိုယ်ပိုင်သီချင်းကိုတော့ မနေ့က ပရိသတ်တွေကို ချပြခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိခဲ့ပါတယ်။ အေးမြဖြူရဲ့ ကိုယ်ပိုင်သီချင်းသစ်လေးထွက်ရှိလာဖို့ကို ပရိသတ်တွေကတော့ မြန်မအိုင်ဒေါပြိုင်ပွဲကြီးပြီးဆုံးကတည်းက စောင့်မျှာ်နေခဲ့တာဖြစ်ပြီး ဇွန်လ(၂၆) နေ့ဖြစ်တဲ့ မနေ့ကတော့ ပရိသတ်တွေစောင့်မျှော်ရကျိုးနပ်စေတဲ့ သီချင်းလေးထွက်ရှိခဲ့ပါတယ်။

အေးမြဖြူကတော့ သူ့ရဲ့ ပထမဆုံးကိုယ်ပိုင်သီချင်းဖြစ်တဲ့ “လွမ်းနေလို့” သီချင်းထွက်ရှိပြီးတာနဲ့ ရောက်ရှိလာတဲ့ ပရိသတ်တွေရဲ့ လက်ဆောင်တွေကြောင့် ဝမ်းသာပီတိဖြစ်နေတဲ့အကြောင်းကို “မနေ့က “လွမ်းနေလို့” ကို Page မှာ ၁၂ နာရီ တင်ပြီးတာနဲ့ Surprise ချက်ချင်းရောက်ချလာတာ I’m always on cloud nine because of my priceless raindrops ? THANK YOU SO MUCH and LOVE YOU ALL” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ပရိသတ်တွေဆီက ရရှိတဲ့ လက်ဆောင်ပစ္စည်းလေးတွေနဲ့အတူ ဖော်ပြထားပါတယ်။ သူ့ရဲ့ “လွမ်းနေလို့”ဆိုတဲ့ သီချင်းလေးကတော့ အလွမ်းသီချင်းအေးအေးလေးတစ်ပုဒ်ဖြစ်ပြီး လက်ရှိမှာတော့ ကြည့်ရှူသူကတော့ (၃)သိန်းကျော်သွားပြီလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်လေး အေးမြဖြူကတော့ ပထမဆုံးကိုယ်ပိုင်သီချင်းဖြစ်တဲ့ “လွမ်းနေလို့” သီချင်းထွက်ရှိပြီးတာနဲ့ ရောက်ရှိလာတဲ့ ပရိသတ်တွေရဲ့ လက်ဆောင်တွေကြောင့် ဝမ်းသာပီတိဖြစ်နေပါတယ်တဲ့နော်။ အေးမြဖြူကတော့ သူ့ရဲ့ သီချင်းလေးကို အားပေးဝန်းရံကြတဲ့ ပရိသတ်တွေ ကျေးဇူးအများကြီးတင်ပါတယ်တဲ့။

Source: Aye Mya Phyu
DarDar-CeleGabar