အဖေနဲ့အမေကြားမှာရှိတဲ့ အမှတ်တရတွေကို ပြန်ပြောပြလာတဲ့ ပိုင်ဇေရဲထွန်း

တစ်ခေတ်တစ်ခါက မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားချောလေး တစ်ယောက်ဖြစ်ခဲ့တဲ့ပိုင်ဇေရဲထွန်းကတော့ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေရပ်နားခဲ့ပေမယ့် ပရိသတ်တွေ ချစ်ခင်အားပေးနေကြဆဲ အနုပညာရှင်တစ်ယောက်ပါ ။ အရမ်းလှတဲ့ ချစ်ဇနီးနဲ့အတူ ချစ်စရာ သားသမီး (၃) ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီး လူတိုင်း ငေးမောအားကျရတဲ့ သာယာတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့သူပါ ။

ပိုင်ဇေရဲထွန်းကတော့ သူ့ရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်တွေနဲ့မိသားစု အမှတ်ရပုံလေးတွေကို လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေဆီအမြဲမျှဝေပေးနေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ် ။ လတ်တလောမှာတော့ ကိုယ်ဆိုတာ အဖေ အမေကြား ဒါမျိုးကျေနပ်နေတာပါဆို ငယ်ငယ်ကရုပ်ကလဲကွာ စုတ်ချွန်းချွန်းနဲ့ကြီးလာတော့လဲမထူးပါဘူး I love you ဖေ နဲ့ မေ ဆိုတဲ့စာသားလေးနဲ့အတူ အဖေနဲ့ အမေရဲ့ ငယ်ဘဝအမှတ်တရပုံလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

မိဘနှစ်ယောက်က ချစ်ချစ်ခင်ခင်နွေးနွေးထွေးထွေးရှိခဲ့လို့ ကောင်းတဲ့အမူအကျင့်လေးတွေ ပုံတူရထားတဲ့ ပိုင်ဇေရဲထွန်းက လည်း သူ့ရဲ့မိသားစုကို နွေးထွေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက် ဖြစ်လာလေသလားလို့ ပရိသတ်တွေက ထင်ကြေးပေးနေကြပါတယ် ။

Source : Paing Zay Ye Tun
Emily (Cele Gabar)