ထီးသွားလှူမယ့်နေရာလေးက လူတွေကိုသနားလို့ အာဟာရမုန့်တွေပါ ထပ်လှူပေးသွားမယ်ဆိုတဲ့ ခိုင်နှင်းဝေ

ပရဟိတမင်းသမီးတစ်လက်အနေနဲ့ ပရိသတ်တွေလေးစားချစ်ခင်နေရတဲ့ ခိုင်နှင်းဝေကတော့ သူတတ်နိုင်တဲ့ဘက်ကနေ အကူညီမဲ့နေတဲ့နေရာတွေကို ကူညီနေသလို ခိုင်နှင်းဝေရင်သွေးလေးများဂေဟာတည်ထောင်ပြီး မိဘမဲ့ကလေးတွေကိုလည်း စောင့်ရှောက်ကူညီနေသူပါ။ သူကတော့ အခုလိုသည်းထန်စွာရွာသွန်းနေတဲ့မိုးတွင်းကာလမှာ အကာအကွယ်မဲ့နေတဲ့သူတွေအတွက် မကြာသေးခင်က ဖိနပ်များသွားရောက်လှူဒါန်းပေးခဲ့ပြီး ဒီတစ်ခေါက်မှာတော့ ထီးအလက်ပေါင်း(၄၀၀) လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။

ထီးလှူဒါန်းရတဲ့ အကျိုးကြောင့် မိမိမှာ အကာအကွယ်ရတတ်သလို သူများကို အရိပ်ပေး၍ မိမိလည်း အရိပ်ကောင်းကောင်းနဲ့ဘဝလမ်းခရီးဖြောင့်ဖြူးနိုင်စေဖို့အတွက် နိဗ္ဗာန်ဆော်ကာ ဦးဆောင်လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး တကယ်လိုအပ်နေတဲ့နေရာလေးကို သွားရောက်လှူဒါန်းပေးသွားမှာပါ။ ဒါ့အပြင် မနက်ဖြန်သွားရောက်လှူဒါန်းပေးမယ့် နေရာလေးကို ကြည့်ပြီး ခိုင်နှင်းဝေကတော့ “အနီးအနားက လူများက ထင်ထားတာထက် ပိုပြီး ချို့တဲ့နေတာ မြင်တော့ ကျွန်မ ရင်ထဲ တတ်နိုင်တာထက် ပိုတဲ့ သဒ္ဓါတရားပိုလာလို့ သူတို့လေးတွေစားဖို့ မုန့်များပါ ထပ်မံ လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်ရှင် ” ဆိုပြီးတော့လည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ် ပရိသတ်ကြီးရေ..

ခိုင်နှင်းဝေကတော့ မနက်ဖြန်မှာ အမှိုက်ပုံကို မှီတွယ်စားသောက်နေရတဲ့ ချို့တဲ့နွမ်းပါးသူတွေအတွက် ထီးအလက်(၄၀၀) လှူဒါန်းပေးသွားမှာဖြစ်ပြီး အာဟာရမုန့်တွေပါ လှူဒါန်းပေးသွားပါမယ်တဲ့ပရိသတ်ကြီးရေ.. လိုအပ်တဲ့နေရာတွေကို ထိထိရောက်ရောက်ကူညီပေးနေတဲ့ ခိုင်နှင်းဝေရဲ့ ပရဟိတအလှူတွေအတွက် သာဓုခေါ်ပေးခဲ့ကြပါဦးနော်။


Source – Khine Hnin Wai
Rainbow- Cele Gabar