Asian Academy Creative Awards မှာ နိုင်ငံအဆင့်ဆု(၃)ဆုရရှိခဲ့တဲ့ “သူစိမ်းအိမ်” ဇာတ်ကားကြီး

Asian Academy Creative Awards ကတော့ အာရှနဲ့ပစိဖိတ်ဒေသနိုင်ငံတွေက အနုပညာဖန်တီးမှုနဲ့မီဒီယာနယ်ပယ်တွေကလူတွေကို တစ်နှစ်တစ်ခါဆုပေးအပ်လေ့ရှိတဲ့ပွဲတစ်ခုပါ။ မနှစ်ကတော့ မြန်မာနိုင်ငံကနေပြီး ကိုယ်စားပြုအနေနဲ့ဆုပေါင်း(၆)ဆုကို လိပ်ပြာစံအိမ် ဇာတ်ကားနဲ့ရရှိပြီး ကလေးသရုပ်ဆောင်ပြည့်ပြည့်ကတော့ အခြားနိုင်ငံတွေထဲကမှ ဇာတ်ပို့ဆုကို ရရှိခဲ့တာပါ။


ဒီတစ်နှစ်အတွက်လည်း မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားကြီးကနေပြီး အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား Best Fiction ၊ အကောင်းဆုံး ဒါရိုက်တာ Best Director ဆုနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆု Best Actress in Supporting Role စတာတွေနဲ့အတူ National Winner များအဖြစ် အရွေးချယ်ခံရပါတယ်။ ဒီအဆင့်ပြီးရင်တော့ အခြားအာရှနိုင်ငံတွေနဲ့အတူဆန်ကာတင်စာရင်းဝင်တာဖြစ်တာကြောင့် အခြားနိုင်ငံတွေကိုကျော်ပြီးတော့ ဆုရရှိသွားမလားဆိုတာတော့ ရင်ခုန်ရတော့မှာပါ။ ဆုပေးပွဲကြီးကိုတော့ ဒီဇင်ဘာလမှာကျင်းပမယ်လို့လည်းသိရပါတယ်။


မနှစ်ကတော့ အခြားနိုင်ငံတွေနဲ့ယှဉ်ပြီးတော့ မြန်မာနိုင်ငံကဆုတစ်ခုကိုချိတ်ခဲ့သလို ဒီတစ်နှစ်မှာလည်း ရွှေမြန်မာတို့အတွက်ရင်ခုန်စရာပါ။ မြန်မာနိုင်ငံအတွင်းမှာ National Winner တွေဖြစ်ခဲ့တဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု၊အကောင်းဆုံးဒါရိုက်တာဆုကို ဒါရိုက်တာထူးပိုင်ဇော်ဦးနဲ့ အမျိုးသမီးဇာတ်ပို့ဆုကိုတော့ ကူကူးဇင်အောင်ကရရှိခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်နော်…

Home

Source : AACs