International Flim Festival (၂)ခုမှာ ရွေးချယ်ခံခဲ့ရတဲ့ “မီ” ရုပ်ရှင်ကားကြီး

ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားအောင်မြင်ခဲ့သလို ဆေးလိပ်သောက်တဲ့အခန်းတွေကြောင့် အတော်လေး ဂယက်ရိုက်ခဲ့ရတဲ့ မီရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေကို မှတ်မိကြဦးမယ်ထင်ပါနော် ။ စာရေးဆရာမကြီး ကြည်အေးရဲ့ ဝတ္ထုကို ဒါရိုက်တာနဲ့ ဇာတ်ညွှန်းအဖြစ် ဏကြီးက ရိုက်ကူးထားပြီး၊ နေတိုး ၊ ပိုင်ဖြိုးသု ၊ ရဲအောင် ၊ မင်းဦး ၊ သားညီ ၊ အောင်ရဲထိုက်တို့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာထိ အဆင့်မီထိုးဖောက်နိုင်ခဲ့တဲ့ ကားလည်းဖြစ်ပါတယ် ။

လတ်တလောမှာတော့ “မီ” ကို United Kingdom, Wales မှာ ကျင်းပမယ့် Cardiff International Film Festival နဲ့ စပိန် နိုင်ငံ၊ Lleida မှာ ကျင်းပမယ့် Festival International de Cinema de Lleida Visual Art ရုပ်ရှင်ပွဲတော်နှစ်ခုမှာ Official Selection အဖြစ် ရွေးချယ်ခံထားရတယ်လို့သိရပါတယ် ။ CIFF ကို အောက်တိုဘာ ၃၁ မှ နိုဝင်ဘာ ၃ ရက်နေ့အထိ၊ Festival Lleida ကို အောက်တိုဘာ ၂၉ မှ နိုဝင်ဘာ ၈ ရက်နေ့အထိ Virtual Platform မှာပဲ ကျင်းပသွားမှာဖြစ်ပါတယ် ။


“မီ” မှာ ကျွန်တာ်နဲ့ အတူ ရုန်းကန်ခဲ့ကြတဲ့ Cast & Crew အားလုံးကို အထူးကျေးဇူးတင်စွာဖြင့် အသိပေးလိုက်ပါတယ်ဆိုတဲ့စာသားလေးနဲ့အတူ ဒါရိုက်တာ ဏကြီးက လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ကျေးဇူးတင်စကားဆိုခဲ့ပါတယ် ။ ဒီ Version က Director’s Cut အနေနဲ့ 116 min ပဲရှိပြီး Black & White Version ဖြစ်တယ်လို့လည်း ပရိသတ်တွေကိုအသိပေးခဲ့ပါသေးတယ် ။

Source: Na Nyi
Emily (Cele Gabar)