Lisa နဲ့တူတယ်ဆိုပြီး ဝေဖန်တိုက်ခိုက်နေကြတဲ့အပေါ် ဒဲ့ပြောလာတဲ့ Dee

ပရိသတ်ကြီးရေ .. Dee လို့ခေါ်တဲ့ မော်ဒယ်လ်မလေးကတော့ The Model Academy က 1st Runner ဆုရှင်တစ်ယောက် ဖြစ်ပြီး ဖက်ရှင်ကျပြီး မော်ဒယ်လ်တစ်ယောက်ရဲ့ စံနှုန်းတွေနဲ့ ပြည့်မီတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ သူမကို ကိုရီးယားအဆိုတော် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ blackpink အဖွဲ့က Lisa နဲ့ တူတယ်လို့ ပရိသတ်တွေတော်တော်များများက သတ်မှတ်ခဲ့ကြပါတယ် ။ လတ်တလောမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး Dee တစ်ယောက် ခံစားချက်တွေ ပေါက်ကွဲပြီး ဖွင့်ဟလာခဲ့ပါတယ် ။

 

Dee က သူမကိုသူမ ” Lisa နဲ့တူတယ်လို့ တစ်ခါမှ မပြောဖူးသလို ဂုဏ်လဲမဆာဖူးပါဘူး … ဘာလို့လာလာဆဲပီး ပြောနေကြမှန်းစဉ်းစားလို့မရဘူး အရမ်းကြိုက်ပါတယ် blackpink ကို YG Stan ပါ YG ကထွက်တာမှန်သမျှအကုန်ကြိုက်ပါတယ်…. lisa နဲ့တူတယ်လို့ ပြောရင် ကိုယ့်လည်းကြိုက်တဲ့သူဆိုတော့ အရင်ကပျော်ပေမဲ့ နောက်ပိုင်းဒါကြီးက ဒီးကိုပိုပြီး စိတ်ထိခိုက်ရသလိုကြီးဖြစ်လာတယ် စိတ်မကောင်းလည်းဖြစ်တယ်လို့ သူမရဲ့ခံစားချက်တွေကို ဖွင့်ဟလာခဲ့ပါတယ် ။ အခု လည်း ဒီးက အတုခိုးပြီး ဆံပင်လိုက်ဆိုးထားတယ်ပြောတဲ့အတွက် သူမ ဆိုးထားတာ ပြီးခဲ့တဲ့မွေးလ August ကထဲက ဖြစ်ပြီး မွေးနေ့မတိုင်ခင်ဆိုးထားတာဖြစ်ပေမယ့် the album က october မှာ ထွက်ရှိခဲ့တာဖြစ်တဲ့အကြောင်း အချိန်နဲ့ပုံတွေပါပြပြီး ပရိသတ်တွေကို ဖြေရှင်းခဲ့တာပါ ။

 

 

 

ခုနောက်ပိုင်း လီဆာနဲ့ တူတယ်လို့လာပြောကြရင် ဒီလိုရိုင်းစိုင်းတဲ့လူတွေကြောင့် အဆင်မပြေဖြစ်တယ်လို့လည်း ဆိုပါတယ် ။ ဒီးက ဆံပင်ပုံစံမျိုးစုံလုပ်ရတာကိုကြိုက်တဲ့သူဖြစ်ပြီး .. hair bang လည်း အရမ်းကြိုက်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် အခုတော့ ဘာလုပ်လုပ်တိုက်ခိုက်ဆဲနေကြတွေ တကယ်အဆင်မပြေလို့ သူမကြိုက်တာကို လုပ်ခွင့်မရှိတော့ဘူးလားလို့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ဒဲ့ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

Source : Dee
Emily (Cele Gabar)