ချွန်တွန်း ပရဟိတအသင်းကို သိန်းပေါင်းရာကျော်တန်တဲ့ကားတစ်စီး လာရောက်လှူဒါန်းကြောင်းပြောပြလာတဲ့ ဒိန်းဒေါင်

ပရိသတ်တွေချစ်ရတဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော် ဒိန်းဒေါင်ကတော့ Covid-19 ကာလမှာ သူ့ရဲ့ ချွန်တွန်း ပရဟိတအဖွဲ့တွေနဲ့အတူ အလှူအတန်းတွေ ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေခဲ့ပါတယ် ။ ချွန်တွန်းပရဟိတကို လာရောက်လှူဒါန်းကြတဲ့အလှူငွေတွေနဲ့ လိုအပ်နေတဲ့နေရာတွေ ကူညီလှူဒါန်းခဲ့ပြီး အမှန်တကယ်အကူညီမဲ့နေသူတွေကို အိမ်တိုင်ရာရောက်ကူညီမှုပေးနေခဲ့တာပဲဖြစ်ပါတယ် ။

ဒါ့အပြင် အနုပညာရှင်အသိုင်းအဝိုင်းနဲ့ တခြားတခြားသောအလှူရှင်တွေကလည်း ချွန်တွန်းပရဟိတအတွက် အလှူငွေတွေ ပါဝင်လှူဒါန်းပြီး ကုသိုလ်ယူခဲ့ကြပါတယ် ။ ဖုန်းဆက်ပြီးအကူညီတောင်းသမျှ နေရာတိုင်းကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ကြည့်ရှုပြီး လိုအပ်တာမှန်သမျှကို တတ်အားသမျှ လှူဒါန်းကုသိုလ်ယူလျက်ရှိပြီး ယနေ့တိုင် အဆက်မပြတ်လှူဒါန်းပေးနေခဲ့တာပါ ။ ဗုဒ္ဓဘာသာ မြန်မာအယူဆတစ်ခုအရ တူသောအကျိုးပေးတယ်လို့တောင်ဆိုရမှာပါ ။ သိန်း(၂၀၀)တန်ကားကြီးကို ချွန်တွန်းပရဟိတအဖွဲ့ကို အလှူရှင် မိသားစုတစ်စုက လာရောက်လှူဒါန်းခဲ့ကြောင်း ဒိန်းဒေါင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပါတယ် ။

 


အခုလို သိန်းရာကျော်တန်ကားကြီး လာရောက် လှူဒါန်းလိုက်တဲ့မိသားစုကိုသာဓုခေါ်ပေးကြပါဦးလို့ ဒိန်းဒေါင်က ပရိသတ်တွေကိုတောင်းဆိုထားပါသေးတယ် ။ ပရိသတ်တွေကလည်း ချွန်တွန်းပရဟိတအတွက် ထပ်တူထပ်မျှဝမ်းသာနေကြပြီး အလှူရှင်မိသားစုကိုလည်း ဆုမွန်ကောင်းတွေ အများကြီးတောင်းပေးခဲ့ကြပါတယ် ။

Source : Dain Daung
Emily (Cele Gabar)