Asian Academy Creative Awards မှာ မြန်မာနိုင်ငံကိုယ်စားပြုအကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရရှိခဲ့တဲ့ ခါရာ

မင်းသားချောခါရာကိုတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာသာမက ရုပ်သံဇာတ်လမ်းတွဲတွေမှာပါ ပရိသတ်တွေသိကြမှာပါ။ မြန်မာနိုင်ငံကမဒီလေးတွေရဲ့အားပေးဝန်းရံခြင်းခံရတဲ့မင်းသားတစ်လက်ဖြစ်သလို သရုပ်ဆောင်ပီပြင်ပိုင်နိုင်တယ်လို့ ပရိသတ်တွေဝန်းရံအားပေးခြင်းခံရတဲ့ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ တစ်ချိန်ကမြန်မာ့ဂုဏ်ဆောင် Mister တစ်ဦးအဖြစ်ဆုတွေရရှိခဲ့သလို အခုလည်း သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဆုရရှိခဲ့ပြန်ပါတယ်။


ခါရာကတော့ အာရှနဲ့ပစိဖိတ်ဒေသက အနုပညာနယ်ပယ်ကထူးချွန်သူတွေကို ဆုပေးရွေးချယ်တဲ့ Asian Academy Creative Awards မှာ Best Actor In A Leading Role (အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆု) နဲ့ National Winner ဖြစ်ခဲ့ပါတယ်။ ခါရာကတော့ ဒီဆုပေးပွဲမှာ Canal+ နဲ့ Arkar Production တို့က ပူးပေါင်း ထုတ်လုပ်ထားတဲ့ “လောကကြိုးဝိုင်း (Spirit of Fight)” ရုပ်သံဇာတ်လမ်းတွဲမှာ လက်ဝှေ့သမား Phoenix ဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်ခဲ့တာကြောင့် ရွေးချယ်ခံခဲ့ရတာပါ။

နိုင်ငံအဆင့်ရွေးချယ်ခံရတဲ့ National Winner တွေကတော့ ဒီဇင်ဘာလမှာကျင်းပမယ့် Grand Final ပွဲကြီးအတွက်လည်း ဆန်ခါတင်စာရင်းကို ဝင်ရောက်သွားခဲ့ပါပြီ။ အခုလို ရရှိခဲ့တဲ့အတွက်လည်း ခါရာကတော့ အတိုင်းမသိပျော်ရွင်နေတာဖြစ်ပြီး Grand Final ပွဲအတွက် ရင်ခုန်ရင်း ဒီထက်ပိုကြိုးစားသွားပါမယ်လို့ ပရိသတ်တွေကိုပြောခဲ့တာ ဖြစ်ပါတယ်။ Congradulations ပါခါရာရေ…

Home

Source:AACs,KharRa