လပြည့်နဲ့ မေမီကိုကိုတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ဟာသ ဗီဒီယိုလေး

Cele Gabar ပရိသတ်ကြီးရေ MRTV-4 မင်းသားမင်းသမီးတွေဖြစ်တဲ့ လပြည့်နဲ့ မေမီကိုကိုတို့ အနုပညာမောင်နှမ နှစ်ယောက်ကတော့ ပရိသတ်တွေအတွက် ဗီဒီယိုလေးတစ်ခု မျှဝေပေးလာခဲ့ပါတယ် ။ လတ်တလောမှာတော့ ဂျီဟောသူ ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ညိုထွေးနဲ့ ဗစ်တာအဖြစ် ပါဝင် သရုပ်ဆောင်ထားကြပြီး အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေပဲဖြစ်ပါတယ် ။

ဒီဗီဒီယိုလေးကိုတော့ သူငယ်ချင်းတွေ ကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အလွဲလေးတွေ ဂျင်းထည့်တာလေးတွေကို ဟာသ သဘောနဲ့ရိုက်ကူးခဲ့တာဖြစ်ပြီး လပြည့်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ တင်ခဲ့တာဖြစ်ပါတယ် ။ ဆိုင်တွင်စားသောက်ပြီး ပိုက်ဆံရှင်းကာ နီးသောအခါ ခင်ဗျား တို့ဆီမှာ အဲ့ဒီလို သူငယ်ချင်း ရှိလား ဆိုတဲ့ စာသားလေးနဲ့အတူ ရေးသားမျှဝေပေးခဲ့တာပါ ။ ပရိသတ်တွေကတော့ သူတို့အဖြစ်နဲ့တူပြီး သူငယ်ချင်းအချင်းချင်း မန်းရှင်းတွေ ခေါ်ပြီးစနောက်နေကြတာတွေ့ရပါတယ် ။

လူငယ်တွေ သူငယ်ချင်းတွေ ကြားမှာ အများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံလေးကို သရုပ်ဖော်ထားတာဖြစ်ပြီး မေမီကိုကိုက ပါဝင်သရုပ်ဆောင်ပေးထားတာဖြစ်ပါတယ် ။ ညိုထွေးနဲ့ ဗစ်တာကို ချစ်တဲ့ MRTV-4 ပရိသတ်တွေအတွက် လည်း ဒီဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : La Pyae
Emily (Cele Gabar )