Asian Academy Creative Awards မှာ မြန်မာနိုင်ငံကိုယ်စားပြုရရှိခဲ့တဲ့ ထူးချွန်ဆု(၁၁) ဆု

စင်္ကာပူနိုင်ငံကကျင်းပတဲ့ Asian Academy Creative Awards ကတော့ အာရှ-ပစိဖိတ်ဒေသတွင်းမှာရှိတဲ့ ရုပ်ရှင်နဲ့မီဒီယာနယ်ပယ်ကထူးချွန်သူတွေကို ဆုချီးမြှင့်တဲ့ပွဲဖြစ်ပြီး အခုနှစ်ဟာ တတိယအကြိမ်မြောက်ကျင်းပတာလည်း ဖြစ်ပါတယ်။ ဒီတစ်နှစ်အတွက်တော့ နိုင်ငံအသီးသီးမှ နိုင်ငံကိုယ်စားပြုဆုရရှိသူစာရင်းထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ နိုင်ငံအသီးသီးမှဆုရရှိသူတွေဟာ ဆန်ခါတင်ရွေးချယ်ခံရသူတွေအဖြစ် Grand Final ပွဲကြီးမှာဆက်လက်ယှဉ်ပြိုင်ရဦးမှာပါ။


မြန်မာနိုင်ငံကနေပြီးတော့ မနှစ်က(၂၀၁၉) ခုနှစ်မှာတော့ နိုင်ငံကိုယ်စားပြု (National Winner) ဆုခြောက်ဆုရရှိပြီး Grand Final မှာတော့အကောင်းဆုံးဇာတ်လမ်းတိုဆုနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု (၂) ဆုရရှိခဲ့ပါတယ်။ ဒီတစ်နှစ်အတွက်တော့မြန်မာ့ကိုယ်စားပြုအနေနဲ့ (၁၁)ဆုရရှိခဲ့ပါတယ်။ အဲ့ဒီဆုတွေကတော့
(၁) အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု – ခါရာ (လောကကြိုးဝိုင်း)


(၂) အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု- ပန်းရောင်ခြယ် (လိပ်ပြာ- အမှန်တရားရဲ့ ဓါးတစ်လက်)
(၃) အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု – ကူကူးဇင်အောင် (သူစိမ်းအိမ် )
(၄) အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု – ဝေယံ Pbe (လိပ်ပြာ- အမှန်တရားရဲ့ ဓါးတစ်လက်)


(၅) အကောင်းဆုံးဒါရိုက်တာဆု – ဒါရိုက်တာထူးပိုင်ဇော်ဦး (သူစိမ်းအိမ် )
(၆) အကောင်းဆုံးရုပ်သံဇာတ်လမ်းတွဲဆု – လိပ်ပြာ- အမှန်တရားရဲ့ ဓါးတစ်လက်
(၇) အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု – သူစိမ်းအိမ်
(၈) အကောင်းဆုံးမူရင်းဇာတ်ညွှန်းဆု – ဒါရိုက်တာအာဂသူရ (Yuri-ယူရီ)


(၉) အကောင်းဆုံးဇာတ်လမ်းတိုဆု – သို့ဖေဖေ ဇာတ်လမ်းတို
(၁၀) အကောင်းဆုံးအားကစား ပရိုဂရမ်ဆု – Canal+ ရုပ်သံလိုင်းကနေပြသတဲ့ WLC: KING OF NINE LIMBS လက်ဝှေ့ပွဲ နဲ့
(၁၁) အသံထူးချွန်ဆုကို – Mingalar Cinema Animation တို့က ရရှိသွားခဲ့တာပါ။
National winner တွေကတော့ ဆန်ခါတင်အဖြစ်ရွေးချယ်ခံရတာဖြစ်ပြီး ဒီဇင်ဘာလမှာကျင်းပမယ့် Grand Final ပွဲကြီးမှာ အခြားနိုင်ငံတွေက ဆုရရှိသူတွေနဲ့ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတာကြောင့် ပရိသတ်တွေရင်ခုန်နေရဦးမှာပါ။ အခုလိုရွေးချယ်ခံရသူများအားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ Grand Final ပွဲကြီးမှာလည်း ဆုတွေအသီးသီးဆက်လက်ဆွတ်ခူးရရှိနိုင်ပါစေ…

Home

Source : asianacademycreativeawards