လက်မှတ်ထိုးပွဲနေ့က ပြင်ဆင်နေတဲ့အမှတ်တရလေးတွေ ပရိသတ်တွေကိုထုတ်ပြလိုက်တဲ့ အိမ့်ချစ်

ပရိသတ်ကြီးရေ တေးသံရှင် အိမ့်ချစ်ကတော့ သူမ ချစ်သူနဲ့ ဇွန်လ(၁၆) ရက်နေ့က နှစ်ဖက်မိဘတွေနဲ့ တရားသူကြီးရှေ့မှာ တရားဝင် လက်မှတ်ရေးထိုးခဲ့ကြပါတယ် ။ လက်ထက်ခွင့်တောင်းခံရတဲ့ အချိန်ထဲက ပရိသတ်တွေအားကျခဲ့ရတဲ့ သူမတို့စုံတွဲလေးက မကြာခင်မှာ ရွှေလက်တွဲပြီး လက်ထပ်ပွဲကျင်းပတော့မှာ ဖြစ်လို့ ပရိသတ်တွေကလည်း မင်္ဂလာပွဲလေးကို အရမ်းကိုမြင်ချင်နေကြပြီဖြစ်ပါတယ် ။

မင်္ဂလက်မှတ်ရေးထိုးတဲ့နေ့က ပုံရိပ်လေးတွေကိုကြည့်ပြီး ပရိသတ်တွေက အရမ်းပျော်နေတဲ့ အိမ့်ချစ် နဲ့ ထပ်တူ ကြည်နူးဝမ်းသာခဲ့ကြရတာပါ ။ လတ်တလောမှာတော့အိမ့်ချစ်က လက်မှတ်ထိုးတဲ့နေ့က ပြင်ဆင်တဲ့ပုံလေးတွေ သိမ်းဖို့ကျန်လို့ လာသိမ်းတာပါ ဆိုတဲ့ စာသားလေးနဲ့အတူ မင်္ဂလာလက်မှတ် မရေးထိုးခင် ပြင်ဆင်နေကြတဲ့ သူမတို့စုံတွဲရဲ့ ချစ်စဖွယ် ပြင်ဆင်မှု ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို ထပ်မံမျှဝေပေးလာခဲ့ပါတယ် ။

ပရိသတ်တွေကတော့ အရမ်းကိုလိုက်ဖက်ညီပြီး ကြည်နူးပြုံးပျော်နေကြတဲ့ အိမ့်ချစ်တို့စုံတွဲလေးကို ကြည့်ပြီး သက်ဆုံးတိုင်ရွှေလက်တွဲသွားနိုင်ဖို့ ဆုမွန်ကောင်းလေးတွေ တောင်းပေးထားကြတာတွေ့ရပါတယ် ။ ပရိသတ်အချို့ကလည်း အိမ်ထောင်ကျသွားပြီးပျော်ရွှင်နေတာ မြင်ရတာကို ကြည်နူးပေမယ့် နှမြောလည်း နှမြောတယ်လို့ မှတ်ချက်တွေပေးထားကြပါသေးတယ် ။

Source : Eint Chit
Emily (Cele Gabar)