ဇနီးဖြစ်သူနဲ့ရန်မဖြစ်တော့ဖို့ အသိတရားရသွားတယ်ဆိုတဲ့ အာဘွိုင်း

ပရိသတ်အချစ်တော်အနုပညာရှင်စုံတွဲတွေထဲမှာ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့စုံတွဲလည်း ပါဝင်ပါတယ်။ အာဘွိုင်းကတော့ ကိုယ်ပိုင်လုပ်ငန်းတွေလည်းလုပ်နေသလို အနုပညာလှုပ်ရှားမှုတွေလည်း ခပ်ကျဲကျဲလုပ်ဆောင်နေတာဖြစ်ပါတယ်။ မော်ဒယ်လ်၊သရုပ်ဆောင်အဖြစ်ပရိသတ်တွေသိခဲ့တဲ့မြတ်ရတနာကျော်ကတော့ အခုအချိန်မှာဘလော့ဂါတစ်ဦးအဖြစ်လည်း တွေ့ရပါတယ်။


ပျော်ပျော်နေတတ်တဲ့အာဘွိုင်းကတော့ ဇနီးဖြစ်သူရဲ့အလုပ်ကို ပံ့ပိုးလေးရှိတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ဇနီးချောလေးကို မကြာခဏဆိုသလို စနောက်ပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာတင်လေ့ရှိတာကြောင့် သူတို့နှစ်ဦးရဲ့အပျော်တွေကတော့ ပရိသတ်တွေကိုကူးစက်လေ့ရှိတာပါ။ ဒီနေ့မှာတော့ အာဘွိုင်းတစ်ယောက် သူ့ရဲ့ဖေ့ဘွတ်မှာ ဇနီးဖြစ်သူနဲ့ ဘယ်သောအခါမှ ရန်ဖြစ်တာ စကာားများတာတွေမလုပ်တော့ဘူးလို့ဆိုပါတယ်။


သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဒီနေ့ကစပြီး… ငါ့မိန်းမနဲ့ ဘယ်သောအခါမှ ရန်ဖြစ်ပြီးစကားမများဖို့ အသိတရားဝင်သွားတယ်။ သူ့ရဲ့ Live လွှင့်ပြီး ၃ နာရီကျော်ကြာ Non-Stop လွှတ်နိုင်တဲ့ စကေးတစ်ပေါက် လျှမ်းလျှမ်းတောက်” ဆိုပြီးတော့ အရွှန်းဖောက်ရေးသားထားတာပါ။ အာဘွိုင်းကတော့ အခုလိုအရွှန်းဖောက်ပြောခဲ့ပြီး ဇနီးချောလေးရဲ့ စကားပြောစွမ်းရည်ကို သဘောကျနေတဲ့ပုံပါပဲ ပရိသတ်ကြီးရေ…
Source : MyatYadanarKyaw