ဇာတ်လမ်းဇာတ်အိမ်ထူးခြားတဲ့ “Active Now” ဇာတ်လမ်းတွဲမှာ ထပ်မံမြင်တွေ့မြင်ရဦးမယ့် မင်းတော်ဝင်

မင်းသားချောမင်းတော်ဝင်ကိုတေ့ာ နာမည်ကြီးခဲ့တဲ့ “မြမြ” ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားတစ်လက်အနေနဲ့ ပရိသတ်တွေသိကြမှာပါ။ မင်းတော်ဝင်ကတော့ အနုပညာအလုပ်ကိုချစ်မြတ်နိုးတာကြောင့် ဆရာဝန်အလုပ်ထက် အနုပညာအလုပ်ကိုရွေးချယ်ကာ လျှောက်လှမ်းနေသူတစ်ယောက်ပါ။ အနုပညာအလုပ်တွေဆက်တိုက်လုပ်လာတဲ့မင်းသားချောကတော့ ပရိသတ်အခိုင်အမာရနေပြီလည်း ဖြစ်ပါတယ်။


မင်းတော်ဝင်ကိုတော့ ဇာတ်လမ်းဇာတ်အိမ်ထူးခြားတဲ့ တီဗီဇာတ်လမ်းတွဲတစ်ခုမှာ ထပ်မံမြင်တွေ့ရဦးမှာလည်း ဖြစ်ပါတယ်။ La La Kyi ကနေစီစဉ်တင်ဆက်မယ့် ဇာတ်လမ်းတွဲအသစ်ကို ပရိသတ်ကြီးကို မိတ်ဆက်ပေးလာပါတယ်။ ဒီဇာတ်လမ်းတွဲနာမည်ကတော့ “Active Now” လို့နာမည်ပေးထားပြီး တက္ကသိုလ်ကျောင်းသားနဲ့ ဝန်ကြီးချုပ်ရဲ့အားပြိုင်မှုနောက်ကွယ်က ကြောက်စရာတွေ၊ ရက်စက်ယုတ်မာမှုတွေ၊ ဘယ်တော့မှ မပြေမယ့် အမုန်းနဲ့ရန်ငြိုးတွေ၊ တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပေးဖို့ ကြိုးစားကြတဲ့ သူငယ်ချင်းသံယောဇဉ်တွေ၊ မိဘ မောင်နှမတွေရဲ့ချစ်ခြင်းတရားတွေ အမျိုးမျိုးသောရသတွေကိုခံစားရမှာလည်း ဖြစ်ပါတယ်။


ဒီဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာညိုမင်းလွင်ကရိုက်ကူးပုံဖော်မှာဖြစ်ပြီး မင်းတော်ဝင်ကတော့ တက္ကသိုလ်ကျောင်းသား စောနေ အဖြစ်ပါဝင်လာဦးမယ်လို့လည်း သိရပါတယ်။ မင်းတော်ဝင်ကတော့ အခုဆိုရင်အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပြီး စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက်ကတော့ ရင်ခုန်စရာပါနော်…
Source : ActiveNow,MinTawWin