ခင်ဇာခြည်ကျော်ရဲ့ မိဇာ မာလာရှမ်းကောကို အားပေးခဲ့ကြတဲ့ အနုပညာရှင်များ

ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးတစ်ယောက်ဖြစ်ပြီး မဇာလေးလို့ ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ ခင်ဇာခြည်ကျော်ကတော့ Covid ကာလမှာ ရိုက်ကူးရေးတွေ ရပ်နားထားတော့ သူမရဲ့ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုကို အစပြုခဲ့ပါတယ် ။ အဲဒါကတော့ သူမရဲ့ လက်ရာ မာလာရှမ်းကောကို Online ကနေတဆင့် ရောင်းချဖို့အတွက် ပြင်ဆင်ခဲ့ပြီး ပရိသတ်တွေကို သူမရဲ့ မာလာရှမ်းကော အတွက် နာမည်စဉ်းစားခိုင်းပြီး ပရိသတ်အကြံပေးတဲ့နာမည်တွေထဲက သူမ သဘောအကျဆုံးနာမည်ကို ရွေးချယ်ခဲ့ပါတယ် ။

လက်ရှိမှာတော့ မိဇာ မာလာရှမ်းကော ဆိုတဲ့နာမည်နဲ့ မာလာရှမ်းကော ကို အွန်လိုင်းကနေတဆင့် ရောင်းချခဲ့ပြီး အရမ်းကို စားကောင်းလို့ ရောင်းမလောက်ပါဘူးတဲ့ ပရိသတ်ကြီးရေ ..။ ပရိသတ်တွေဆီက အကောင်းဆုံး Review တွေရခဲ့သလို အနုပညာရှင်တွေ တော်တော်များများကလည်း မဇာလေးရဲ့ မာလာရှမ်းကော ကို အားပေးခဲ့ကြပါတယ် ။ လတ်တလောမှာတော့ နေတိုး။ ၊ အိန္ဒြာကျော်ဇင် ၊ စိုင်းစိုင်းခမ်းလှိုင် ၊ ဒါရိုက်တာကိုပေါက် ၊ လင်းဇာနည်ဇော် တို့က မိဇာ မာလာရှမ်းကောကို အားပေးခဲ့ကြပြီး သူတို့လူမှုကွန်ရက်စာမျက်နှာတွေကနေတဆင့် အရမ်းစားကောင်းကြောင်းကို မျှဝေပေးခဲ့ကြပါတယ် ။

 

မိဇာ မာလာရှမ်းကောမှာ သက်သက်လွတ် ၊ ကြက်သား ၊ ဝက်သား နဲ့ ပင်လယ်စာတွေရရှိပြီး ဈေးတန်ပြီး အရမ်းစားကောင်းလို့ ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားနေတာပါ ။ မိန်းကလေး ပရိသတ်တွေ အရမ်းကြိုက်ကြတဲ့ အစားစာ တစ်ခုပြီး လက်မလည်အောင်ရောင်းနေရတဲ့မိဇာမာလာရှမ်းကော ကို စားချင်ရင်တော့ သူမရဲ့ Official Page ကနေတဆင့် မှာယူနိုင်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေနော် ..။

Source : Khin Zarchi Kyaw
Emily (Cele Gabar)