ကွယ်လွန်သွားတဲ့ တေးသံရှင် မီးမီးခဲအတွက် ဝမ်းနည်းစကားဆိုခဲ့တဲ့ အက်စတာဒွေး

ပရိသတ်ကြီးရေ အောက်တိုဘာလ (၁၆)ရက်နေ့ကတော့ ပရိသတ်တွေချစ်ရတဲ့ တေးသံရှင် မီးမီးခဲတစ်ယောက် ဘဝတစ်ပါးကို ကူးပြောင်းကွယ်လွန်သွားခဲ့တဲ့အတွက် အနုပညာရှင် ညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေအားလုံး စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ် ။ မီးမီးခဲဟာ တကယ်တော်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေအတွက် သီချင်းကောင်းတွေအများကြီးကို သီဆိုခဲ့တဲ့ သူတစ်ယောက်ပါ ။

 

လတ်တလောမှာတော့ တေးသံရှင် အက်စတာဒွေးက သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မီးမီးခဲအတွက် ဝမ်းနည်းစကားလေးကို ရေးသားဖော်ပြခဲ့ပါတယ် ။ မကြာသေးတဲ့ မတ်လ (၂၁)ရက်နေ့က အဆိုတော် မီးမီးခဲနဲ့ အက်စတာဒွေးတို့ရဲ့ သီချင်းအသစ်လေးတစ်ပုဒ်ထွက်ရှိခဲ့ပြီး ဒီသီချင်းလေးကို မီးမီးခဲကိုယ်တိုင်ကရေးစပ်သီကုံးခဲ့တာပါ ။ တေးချစ်ရတဲ့ လေးစားရတဲ့ တေးကိုအမြဲသွန်သင်ဆုံးမတဲ့ သဘောထားပြည့်ဝပြီးအရမ်းတော်တဲ့ အစ်မကိုဆုံးရှုံးလိုက်ရတဲ့ အတွက်ရင်ထဲတကယ်မကောင်းပေမယ့် မမီးခဲကတော့ အဖရဲ့ရင်ခွင်မှာ အေးချမ်းစွာနားနေနိုင်ပီပေါ့ R.I.P Ma Mee Khel ဆိုတဲ့စာသားလေးနဲ့အတူ ဝမ်းနည်းစကားဆိုခဲ့တာပဲဖြစ်ပါတယ် ။

သူမတို့နှစ်ယောက် အတူတူ လုပ်ခဲ့တဲ့ သီချင်းလေးကတော့ အမှတ်တရအနေနဲ့ ကျန်ရှိနေခဲ့ပါပြီ ပရိသတ်ကြီးရေ ..။ အက်စတာဒွေးရဲ့ ပရိသတ်တွေအားလုံးကလည်း သူမနဲ့ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ကြပြီး မီးမီးခဲတစ်ယောက် ငြိမ်းချမ်းစွာအနားယူနိုင်ဖို့အတွက် ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါတယ် ။

Source : Esther Dwe
Emily (Cele Gabar)