လာဗင်ဒါပန်းခင်းကြီးကို အရမ်းကြိုက်ရတဲ့အကြောင်းအရင်းကို မျှဝေလာတဲ့ မိုးဟေကို

ဆွဲဆောင်မှုရှိတဲ့အလှတရားတွေနဲ့ ပရိသတ်ချစ်ခြင်းကို သိမ်းပိုက်ထားသူ မိုးဟေကိုကတော့ လတ်တလောသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် တနေ့တာအကြောင်းအရာလေးတွေသာမက ခရီးသွားတုန်းက ပုံရိပ်တချို့ကိုပါ နေ့စဉ်နီးပါးမျှဝေပေးလျက်ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ လန်ဒန်ကို အလည်သွားတုန်းက လာဗင်ဒါ ပန်းခင်းကြီးနဲ့ ရိုက်ကူးထားတဲ့ပုံတချို့နဲ့အတူ လာဗင်ဒါပန်းခင်းတွေကိုကြိုက်ရခြင်းအကြောင်းအရင်းကို မျှဝေခဲ့ပါတယ်။

မိုးခရီးသွား အမှတ်တရပုံလေးတွေ တင်ဖို့ကြည့်နေတုန်း လန်ဒန်က Lavender ပန်းခင်းကြီးက ပုံတွေတွေ့တော့ ဘာလို့ မိုးက Lavender ပန်းတွေကြိုက်တာလဲ ဆိုပြီး တွေးမိလို့ တိုက်ဆိုင်တာလေးတွေကို ရှင်တို့လေးတွေကို ပြောပြမယ်နော်။ Lavender ပန်းတွေရဲ့ မျိုးရင်းက မိုးတို့ မြန်မာနိုင်ငံမှာ ပင်စိမ်းလို့ခေါ်တဲ့ အပင်လေးတွေနဲ့တူတယ်တဲ့။ မိုးက ကြက်သားပင်စိမ်းဟင်းဆို အရမ်းကြိုက်တယ်‌လေ။ နောက်တစ်ခုက မိုးသွားလည်ခဲ့တဲ့ ပန်းခင်းကြီးထဲက English Lavender တွေက June လ မှာပွင့်ကြတာဆိုတော့ မိုးရဲ့ မွေးလနဲ့ တူတူပဲ။ အဲဒီအခါကြမှ မိုးဘာလို့ Lavender ပန်းတွေ ကြိုက်တာလဲဆိုတဲ့ အဖြေကိုသိလိုက်ရတယ် ဆိုပြီး မျှဝေလာပါတယ်။

ဒါ့အပြင် ချစ်ခင်ရသူတွေအတွက် ပို့စ်လေးတွေ မျှဝေပေးပြီးတိုင်း မှာနေကြစကားလေးဖြစ်တဲ့ အိမ်မှာနေကြပါ၊ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်လည်း Mask တပ်ပါ၊ ကူးစက်မှုတွေ နည်းလာလည်း သတိဆိုတာပိုတယ်မရှိတာမို့ လူတွေအများကြီးကြားထဲ လျှောက်မသွားကြပါနဲ့ ဆိုပြီးတော့လည်း ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး ပရိသတ်ကြီးကို သတိပေးခဲ့ပါသေးတယ်.. လာဗင်ဒါတွေကို ချစ်တဲ့ မိုးရဲ့ ခရမ်းရောင်လာဗင်ဒါပန်းခင်းကြီးနဲ့အပြိုင်လှနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။


Source- Moe Hay Ko
Rainbow- Cele Gabar