လေးနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့အတွက် ဧရာဝတီစင်တာမှာ သွားရောက်လှူဒါန်းပေးခဲ့တဲ့ မိုးယုစံ

ပရိသတ်ရဲ့အချစ်တော်မင်းသမီးချောလေးမိုးယုစံကတော့ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာလုပ်ရှားမှုတွေရပ်နားကာ ပျော်ရွှင်စရာမိသားစုဘဝလေးကို အချိန်ပေးတည်ဆောက်နေသူပါ။ ဒီနေ့လေးကတော့ မိုးယုစံနဲ့ခင်ပွန်းဖြစ်သူ ကိုစွမ်းသူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်လေးနှစ်ပြည့်နေ့လေးဖြစ်ပြီး မင်္ဂလာနှစ်ပတ်လည်အလှူလေးအဖြစ် ဧရာဝတီစင်တာမှာ ပြုလုပ်ခဲ့ကြောင်း မျှဝေလာပါတယ်။

ဧရာဝတီစင်တာကတော့ မြန်မာနိုင်ငံမှာ များပြားလာတဲ့ကိုဗစ်လူနာတွေနဲ့ သံသယလူနာတွေ ကုသရေးအတွက် ဦးဇော်ဇော်ကိုယ်တိုင် မတည်လှူဒါန်းပေးထားတဲ့ Quarantine Center တစ်ခုဖြစ်သလို လတ်တလောမှာလည်း အလှူရှင်တွေ စဉ်ဆက်မပြတ်လှူဒါန်းပေးနေတာကို တွေ့မြင်ရမှာပါ။ မိုးယုစံတို့ ဇနီးမောင်နှံကလည်း သူတို့ရဲ့လေးနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက် ဒီနေ့မှာသိန်း(၃၀) တိတိ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း မျှဝေဖော်ပြလာပါတယ်။

မိုးယုစံတို့ ဇနီးမောင်နှံကတော့ မင်္ဂလာသက်တမ်း(၄) နှစ်မှာ အရမ်းချစ်ဖို့ကောင်းတဲ့ သားသားလေးကောင်းသိင်္ဃမိုးသူကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့အပြင် လတ်တလောမှာတော့ မိုးယုစံက ဒုတိယမြောက်ကိုယ်ဝန်လည်း လွယ်ထားရပြီဖြစ်ပါတယ် ပရိသတ်ကြီးရေ.. မင်္ဂလာသက်တမ်းလေးနှစ်ပြည့်မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


Source -Moe Yu San
Rainbow- Cele Gabar