ကိုယ်တိုင်ကြိုက်ခဲ့ရတဲ့ သီချင်းဟောင်းတွေကို Acoustic Version ပြန်ထုတ်ဖို့ စီစဉ်နေတဲ့ လွှမ်းပိုင်

အမိုက်စား Rap သီချင်းတွေကို သီဆိုတတ်ပြီး လူငယ်ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ အဆိုတော် လွှမ်းပိုင်ကတော့ ပရိသတ်တွေကို သူကိုယ်တိုင် စီစဉ်ထားတဲ့ Program လေးတခုနဲ့မိတ်ဆက်ပေးလာခဲ့ပါတယ် ။ လွှမ်းပိုင်ဟာ ဂီတလောကမှာရှိလာတာအခုဆိုအချိန်အတိုင်းတာအားဖြင့် ၁၀ နှစ်ကျော်လာခဲ့ပြီဖြစ်ပေမယ့် သူ့ရဲ့သီချင်းဟောင်းတွေကိုတောင် ပရိသတ်တွေက ခုထိအားပေးနေကြဆဲဖြစ်ပါတယ် ။

ဒီ ၁၀ နှစ်ကျော်အတွင်းမှာ သီချင်းတွေအများကြီးဖန်တီးခဲ့သလို ပရိတ်သတ်တွေရင်ထဲမှာကျန်ရှိနေသေးတဲ့သီချင်းတချို့တွေရှိနေသေးလို့လည်း ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်လို့ လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားထားပါသေးတယ် ။ လတ်တလောမှာတော့ လွှမ်းပိုင် ကိုယ်တိုင် စဉ်းစားထားတဲ့ Program လေးကတော့ သူကြိုက်နှစ်သက်ခဲ့ရတဲ့သီချင်းဟောင်းတွေကို ပြန်လည်ပြီး အမှတ်တရအနေနဲ့ Acoustic Version ပြန်ထုတ်ဖို့စဉ်းစားထားတာဖြစ်တယ်လို့ ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။

ဒီနေ့ ညနေမှာတော့ သူ့ကို လွှမ်းပိုင်ဖြစ်စေခဲ့တဲ့သီချင်းတွေထဲကတစ်ခုဖြစ်တဲ့ “၁၀၀ တန်” သီချင်း နဲ့ Acoustic Version Program ကိုစတင်ခဲ့ပါတယ် ။ နောက်ထပ်လည်း ပရိသတ်တွေက ဘယ်သီချင်းတွေကို Acoustic Version အဖြစ်ပြောင်းလဲစေချင်သေးလဲ ဆိုတဲ့အပေါ် မူတည်ပြီး ဒီ Program လေးကို ဆက်လက်အကောင်ထည်ဖော်သွားမယ်လို့ သူ့ရဲ့ official Page ကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

Source : Hlwan Paing
Emily (Cele Gabar)