သူမကို ဝတယ်လို့မပြောကြဖို့အတွက် တောင်းဆိုလိုက်တဲ့ စိုးမြတ်နန္ဒာ

ဒါဒါလို့ပရိသတ်တွေချစ်စနိုးခေါ်ခဲ့ကြတဲ့ စိုးမြတ်နန္ဒာကတော့ တစ်ခေတ်တစ်ခါက စိုးမြတ်နန္ဒာ ဆံပင်စတိုင်လ်ဆိုပြီး လိုက်ညှပ်ကြတဲ့အထိ ပရိသတ်အကြားရေပန်းစားခဲ့တဲ့ မင်းသမီးတစ်လတ်ပဲဖြစ်ပြီး အနုပညာအလုပ်တွေနဲ့ ကာလအတော်ကြာဝေးကွာနေခဲ့ ပေမယ့်လည်း ပရိသတ်တွေကတော့ သူမကိုချစ်ခင်နေကြဆဲပါ ..။

ချစ်ရတဲ့ သားလေး မြတ်သောမောင်ကို ပြုစုပျိုးထောင်ရင်း ညီမ(၄)ယောက် စုပေါင်းဖွင့်ထားတဲ့ “မင်းသမီး”ပိုးထည်တိုက်ကို ဦးစီးနေတာပဲဖြစ်ပါတယ် ။ တချိန်က ပိန်ပိန်ပါးပါးလေးနဲ့ အမိုက်စားမော်ဒယ်လ်မင်းသမီးလေးဖြစ်ခဲ့တဲ့ ဒါဒါကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ ဝလာတဲ့အတွက် ဝေဖန်မှုတွေလည်း ရှိခဲ့သလို ဒါဒါကိုချစ်တဲ့ ပရိသတ်တွေကလည်း ရှိနေဆဲပါ ။ လတ်တလောမှာတော့ ဒါဒါက သူမရဲ့အလှပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးခဲ့ပြီး ဝ နေတယ်လို့မပြောကြေးနော် … ကိုယ်ခံအားကောင်းအောင်စားနေရတာ… ကိုယ့်ဧည့်သည်တွေအတွက် အထည်လှလှလေးတွေထွက်အောင်လဲကူပေးနေရသေးတယ်နော် ဆိုတဲ့စာသားလေးကို ရေးသားဖော်ပြခဲ့ပါတယ် ။

ဒါဒါ့ကို အမြဲချစ်ခင်အားပေးနေကြတဲ့ ပရိသတ်ကြီးကတော့ သူမကို အရမ်းမဝဘဲ အေးချမ်းတဲ့ ပုံလေးနဲ့ လှနေပါတယ်ဆိုတဲ့မှတ်ချက်တွေ အများအပြားရေးသားခဲ့ကြပါတယ် ။ အရင်ထက်ပို ဝလာပေမယ့်လည်း ချစ်တဲ့ပရိသတ်တွေကတော့ ခုချိန်ထိ ချစ်ပေးနေဆဲ အားပေးနေဆဲ ဖြစ်လို့ ဝလဲ ဆက်ချစ်နေမှာပါတဲ့ ပရိသတ်ကြီးရေ ..။

Source : Soe Myat Nandar
Emily (Cele Gabar)