ဘဝမှာအရေးပါဆုံးသူတစ်ယောက်ကို မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ မေ

မေကတော့ ဆွဲဆောင်မှုရှိတဲ့ အသံချိုချိုလေးနဲ့ သီချင်းအေးအေးလေးတွေကြောင့် ပရိသတ်တွေ ဝန်းရံအားပေးခြင်းခံရတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ညို့အားပြင်းတဲ့အလှနဲ့ သွယ်လျလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ မေ ကတော့ ပုရိသ ပရိသတ်တွေရဲ့အသည်းကျော် မင်းသမီးချောလေး တစ်ယောက် ဆိုလည်းမမှားပါဘူး နော် ..။

 

ပရိသတ်ကြီးရေ ဒီနေ့ အောက်တိုဘာလ (၁၈)ရက်နေ့ကတော့ မေ့ဘဝမှာ အရေးပါဆုံးသူတွေထဲက တစ်ယောက်ရဲ့မွေးနေ့ရက်မြတ်လေးပါတဲ့ ။ သူမ ဘဝရဲ့အရေးပါဆုံးသူတွေထဲက တစ်ယောက် ကတော့ မေ့ရဲ့တစ်ဦးတည်းသော ညီမလေး သူဇာဝင့်လွင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ ချစ်ရတဲ့ ညီမလေးအတွက် မွေးနေ့ဆုမွန်ကောင်းအနေနဲ့ အကောင်းဆုံးဆိုတဲ့အရာတွေနဲ့ပဲ အမြဲမြင်ချင်ပါတယ်..Happy birthday to you and I love you ဆိုတဲ့စာသားလေးနဲ့အတူ သူမတို့နှစ်ယောက်ရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို မျှဝေပေးခဲ့တာပါ ။

 

ပရိသတ်တွေ ကို အခုမှ ပွဲထုတ်ပြလိုက်တဲ့ မေ့ရဲ့ ညီမလေး သူဇာဝင့်လွင်ကလည်း မေ့လို အချောအလှလေးပဲ ဆိုတာ ပရိသတ်တွေလည်းသိလောက်ပါပြီနော် ..။ ညီမလေး သူဇာဝင့်လွင်လည်း မွေးနေ့စပြီး ချစ်တဲ့ မိသားစုနဲ့အတူ သက်ဆုံးတိုင်ပျော်ရွှင်စွာ ဖြတ်သန်းသွားနိုင်ပါစေလို့ ဆယ်လီကမ္ဘာကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : May
Emily (Cele Gabar)