ယောက်ဖဖြစ်သူ စိန်ဖြိုးလှိုင်ရဲ့နာမည်ဖြစ်ပေါ်လာပုံကို စဉ်းစားရခက်တယ်ဆိုတဲ့ ဦးဇေသီဟ

ပရိသတ်အချစ်တော် မင်းသမီးချောလေး နန္ဒလှိုင်ရဲ့ ခင်ပွန်းဖြစ်သူ ဦးဇေသီဟနဲ့ သူမရဲ့ မောင်လေး စိန်ဖြိုးလှိုင်တို့ သမီးယောက်ဖ နှစ်ယောက်ရဲ့ ချစ်ခင်မှုကတော့ တကယ်ကို ပြောစမှတ်တွင်လောက်ပါတယ်နော် ။ ယောက်ဖဆိုတာ ထက် ညီအရင်းတစ်ယောက်လို ချစ်ပြီး သူငယ်ချင်းပေါင်း ပေါင်းကာ တစ်ယောက်ကို တစ်ယောက် အမြဲ ဆေးထိုး စနောက်နေကြတာကိုတော့ ပရိသတ်တွေအားလုံးလည်း သိပြီးဖြစ်မှာပါ ။ လတ်တလောမှာတော့ ဦးဇေသီဟ တစ်ယောက် စိန်ဖြိုးလှိုင်ဆိုတဲ့ နာမည်ဖြစ်ပေါ်လာပုံကို စဉ်းစားရခက်ကြောင်း ဟာသလေးနှောပြီး ရေးသားဖော်ပြခဲ့ပါတယ် ။

ဒေါက်တာ စိန် ဗီဒီယိုမင်းသားလုပ်တော့ လူတိုင်း ရင်းနှီးပြီး ခေါ်ရခက်တဲ့ နာမည်ပေးခဲ့တယ်။ မောင်..’ အပျိုပေါက်လေးတွေ မရဲတရဲ ခေါ်ခဲ့ရတဲ့ ဒီနာမည် ရဲ့ ကျောင်း နာမည်ကလဲ ကြည့်ပါဦး။စိန်ဖြိုးလှိုင် ကြားလိုက်တဲ့ လူတိုင်း နောက်တစ်ခါ ပြန်မေးပြီး ပါးစပ်က ရွတ်ကြည့်ရအောင် နာမည်ခပ်ဆန်းဆန်း ခပ်စိမ်းစိမ်းကြီး။ အခုခေါ်ကြပြန်ပြီ။ ဒေါက်တာစိန် တဲ့ ဒီအကြောင်းတော့ ထူးထူးခြားခြားထပ်မပြောတော့ဘူး။ သူငယ်ချင်းတွေကတော့ စိမ်စိမ် လို့ပဲ ခေါ်ကြမှာပါ။ အရမ်း စိမ် နိုင်သူကြီးဆိုတာ သူငယ်ချင်းအရင်းကြီးတွေ တညီတညွတ်ထဲ ထောက်ခံမှာ သေချာတယ်။သူ့အစ်မ နဲ့ စကြိုက်တုန်းက သူ့နာမည်ကို သူ့အစ်မက မိတ်ဆက်ပေးတော့ ဒီလို တွေးခဲ့မိသေးတယ်။ စိန်ဖြိုးလှိုင်ဆိုတဲ့ နာမည် မှားနေလားလို့။ သူအဖေနာမည်က ဦးချိန်လှိုင် ပဲဟာ။ ချိန်ဖြိုးလှိုင် ပဲဖြစ်ရမှာ လို့တွေးမိသေးတယ် လို့ သူ့ရဲ့အမြင်ကို ဟာသ ဆန်ဆန်ရေးသားခဲ့တာပါ ။

ချိန်ဖြိုးလှိုင် လို့ နာမည်ပေးလိုက်တာကို အမှတ်မှားကြပြီး စိန်ဖြိုးလှိုင် ဖြစ်သွားတာ ဟုတ်မဟုတ် သေချာ မေးဦးမယ် လို့လည်း ဆေးထိုးစနောက်ထားပါသေးတယ် ။ ဒေါက်တာစိမ် (သို့) ချိန်ဖြိုးလှိုင် ရေဂုဏ်ယူပါတယ်။ ဖောင်ကြီးဆင်း ဒေါက်စိန် ဖြစ်သွားပြီပေါ့ ဆိုတဲ့စာသားလေးနဲ့ အတူ ယောက်ဖဖြစ်သူ စိန်ဖြိုးလှိုင်ရဲ့ နာမည် ဖြစ်ပေါ်လာပုံကို စနောက်ရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို သဘောအကျကြီး ကျနေကြတာပါ ။

SourcE : Zay Thiha
Emily (Cele Gabar)