သီတင်းကျွတ်မတိုင်မီ ဒိန်းဒေါင်ကို သွားရောက်ကန်တော့ခဲ့တဲ့ လူရွှင်တော် မျောက်ရှုံး

ပရိသတ်အချစ်တော် ဟာသ သရုပ်ဆောင် လူရွှင်တော် ဒိန်းဒေါင်ကတော့ သူ့ရဲ့လူရွှင်တော် တပည့်တွေအပေါ်မှာ ဆရာကောင်းပီသပြီး အလှူအတန်းနဲ့ ပရဟိတအလုပ်တွေကိုလည်း စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ချွန်တွန်းပရဟိတ အဖွဲ့ကို လူရွှင်တော်တွေနဲ့အတူ လိုအပ်နေတဲ့ သူတွေကို လှူဒါန်းမှုတွေ အဆက်မပြတ်လုပ်ဆောင်ပေးနေခဲ့တာပါ ။

တပည့်တွေ က လေးစားချစ်ခင်ရတဲ့ ဒိန်းဒေါင်ကို ဒီနေ့မှာ ဟာသ လူရွှင်တော် ကိုမျောက်ရှုံးက သီတင်းကျွတ်အကြိုသွားရောက်ကန်တော့ခဲ့တယ်လို့သိရပါတယ် ။ ဒိန်းဒေါင်နဲ့မျောက်ရှုံးဆိုတာ အတွဲမှန် းမသိတဲ့သူတွေရှိပါတယ် တချိန်ကအတွဲညီခဲ့တဲ့ ကျွန်တော့်တပည့်က သီတင်းကျွတ်အကြိုလာကန်တော့တာပါ ဆိုတဲ့စာသားလေးနဲ့အတူ တပည့်ဖြစ်သူရဲ့ လေးစားမှုကို အသိမှတ်ပြုတဲ့အနေနဲ့ ပရိသတ်တွေကိုမျှဝေပေးလာခဲ့တာပါ ။

မျောက်ရှုံးလာရောက် ကန်တော့ထားတဲ့ ပုံတွေကိုလည်း ပုံပါပစ္စည်းများရောင်းအားကောင်းပါစေ ဆိုလို့ဆုမွန်ကောင်းတွေတောင်းပေးထားပါသေးတယ် ။ ပရိသတ်တွေကတော့ ဆရာကိုရော တပည့်ကိုရော အရမ်း အားပေးကြပြီး ချစ်ခင်ကြောင်း မှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။

Source : Dain Daung
Emily (Cele Gabar)