နိုင်ငံရေးဆွေးနွှေးပွဲတစ်ခုမှာ ပါဝင်ခဲ့တဲ့အတွက် ဝေဖန်မှုတွေခံနေရတဲ့ အဆိုတော် G-fatt

ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် အနုပညာရှင်တွေဖြစ်တဲ့ တေးသံရှင် လင်းလင်း ၊ Gfatt နဲ့ ကိုဂျင်မီတို့သုံးယောက်ဟာ “မျိုးဆက်တွေရဲ့ အိပ်မက်တံတား” ဆိုတဲ့ဆွေးနွှေးပွဲမှာပါဝင်ခဲ့ကြပါတယ် ။ ပရိသတ်ကြီးလည်း G-fatt ရဲ့ဆွေးနွှေးမှုလေးတွေကို စိတ်ဝင်စားနေကြမယ်ထင်ပါတယ်နော် ။

မတူညီသော်လည်း မဝေးကွာတဲ့မျိုးဆက်တွေ အိပ်မက်ချင်း ဘယ်လို တံတားထိုးကြမလဲဆိုတာ ခံစားကြဖို့အတွက် Season IIမှာတော့ ကိုဂျင်မီ၊ လင်းလင်း၊ G Fatt တို့ကပါဝင်ဆွေးနွှေးခဲ့ကြတာပဲဖြစ်ပါတယ် ။ G-fatt ကလည်း ကိုယ်မမျှော်လင့်ခဲ့တာတွေ ကိုယ့်ဆီ တံခါးလာခေါက်တာပါပဲ ကိုယ်သိသလောက်ဝင်ဆွေးနွေးခဲ့ပါတယ် ကိုယ့်တို့နေတဲ့မြေပုံလေးအတွက် တစ်ထောင့်တစ်နေရာကပေါ့ အောင်မြင်မှူတွေဘက်ကို ကြည့်ပြီး ဒီတိုင်းပြည်နဲ့ဒီလူမျိုးအပေါ် လက်မရှောင်ချင်ဘူး လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

ဒါ့အပြင် ဒီဘဝတော့ သီချင်းဆိုတယ် ဆိုတဲ့ g fattဆိုတာ ထက် ပိုချင်ပါတယ်လို့လည်း သူ့ရဲ့ ဆန္ဒလေးကို ဖွင့်ဟခဲ့ပါသေးတယ် ။ အခုလို အဆိုတော်တစ်ယောက်ရဲ့ပါဝင်ဆွေးနွှေးမှုအတွက် ဝေဖန်မှုတွေ အနည်းအကျဉ်းရှိခဲ့ပေမယ့် နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ဆိုင်တာ ဖြစ်တယ်လို့ G-fatt ပရိသတ်တွေက သူ့ဘက်က ဝန်းရံခဲ့ကြပါတယ် ။

Source : G-fatt
Emily (Cele Gabar)