သီတင်းကျွတ်ချိန်ခါနဲ့ကိုက်ညီတဲ့ ကိုယ်တိုင်ရေးသီချင်းကောင်းလေးတစ်ပုဒ် ထွက်ရှိလာတော့မယ့် မေလသံစဉ်

မေလသံစဉ်ကိုတော့ မြန်မာသီချင်းလေးတွေကို ပြန်လည်သီဆိုတာကြောင့် လူသိများပါတယ်။ သီချင်းတွေကို cover ပြန်ဆိုရာမှာလည်းနာမည်ကြီးသလို ပြန်ဆိုတေးတွေကြောင့်လည်း ပရိသတ်အခိုင်အမာရရှိထားသူပါ။ အသက်ငယ်ငယ်လေးနဲ့ဂီတလောကမှာ အောင်မြင်မှုရလာတာကတော့ အနုပညာပါရမီရှိတာကြောင့်ဆိုရင်လည်း မမှားပါဘူး၊

မေလသံစဉ်ကတော့ အသံချိုချိုလေးနဲ့အတူအကောင်းဆုံးသီဆိုဖျော်ဖြေနိုင်သူတစ်ယောက်လည်းဖြစ်တဲ့အပြင် သီချင်းတွေကိုလည်းကိုယ်တိုင်ရေးစပ်ဖန်တီးနိုင်သူပါ။ အခုလည်း သီတင်းကျွတ်ကာလအတွက် သီချင်းကောင်းတစ်ပုဒ်ကိုထွက်ရှိလာတော့မယ့် ပုံပါပဲ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာတော့ ဒီညမှာသီချင်းအသစ်တင်ပေးတော့မှာဖြစ်ပြီး ရိုက်ကွင်းနောက်ကွယ်ပုံရိပ်လေးတွေကိုလည်း မျှဝေလာတာပါ။

မိုးလေးကင်းလွတ်သီတင်းကျွတ်ချိန်ခါကတော့ မကြာခင်ရက်ပိုင်းမှာရောက်ရှိလာတော့မှာပါ။ ပရိသတ်တွေကတော့ မြန်မာဆန်ဆန်ပုံရိပ်လေးတွေကြောင့် သီချင်းအသစ်လေးဘယ်လိုများထွက်ရှိလာမလဲဆိုပြီးတော့ ရင်ခုန်နေကြပါပြီ။ မေလရဲ့ပရိသတ်တွေရှိလားနော်…
Source :MaylaThanZin