ထက်ထက်ကိုချစ်တဲ့ Bella ဝယ်ယူအားပေးခဲ့ကြသူတွေပါဝင်တဲ့ ဝမ်းမြောက်ဖွယ်အလှူ

မြန်မာနိုင်ငံရဲ့နာမည်ကြီးအလှကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Bella ကတော့ ပရိသတ်တွေရင်းနှီးပြီးသားကုန်အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်ပါတယ်။ Bella နဲ့အတူ ပရိသတ်အချစ်တော်ထက်ထက်မိုးဦးကတော့ အောက်တိုဘာလ(၁၈)ရက်နေ့မှာ live sale တစ်ခုလုပ်တာပါ။ ထက်ထက်ရဲ့ပရိသတ်တွေကတော့ အလှကုန်တွေကို များစွာအားပေးဝယ်ယူခဲ့ကြပါတယ်။

ဒီလိုဝယ်ယူခဲ့ကြတဲ့ပရိသတ်တွေကတော့ အခုဆိုရင် Bella ရဲ့အလှူနဲ့အတူ အလှူရှင်တွေအဖြစ် ကုသိုလ်တွေပါဝင်ရဦးမှာပါ။ Bella ကတော့ We love Yangon နဲ့ပူးပေါင်းပြီး bella hand sanitizer ၁၅၀၀ လိုအပ်နေတဲ့ နေရာတွေမှာ လှူဒါန်းမှာပါ။ ဒါ့အပြင် October မှာ bella လေး ၄ နှစ်ပြည့်ချိန်ဖြစ်ပြီး bella ရဲ့ ပဲ့ကိုင်ရှင် ၃၃ နှစ်ပြည့် မွေးနေ့ အမှတ်တရအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနကို Oxygen Plant တည်ဆောက်ရေးအတွက် အလှူငွေ ၃၃ သိန်း လှူဒါန်းသွားမှာပါ။ Bella ရဲ့အလှူဟာ ဝယ်ယူအားပေးကြတဲ့သူတွေရဲ့အလှူပဲမို့ ထပ်တူကုသိုလ်ရကြမှာပါ။


ထက်ထက်ကိုချစ်ကြတဲ့ Bella ရဲ့စတားလေးတွေအတွက် သတင်းကောင်းလေးကိုတော့ Bella ရဲ့ ပေချ့်မှာရေးသားဖော်ပြထားတာပါ။ အလှူလေးနဲ့ပတ်သက်ပြီး ထက်ထက် နှင့် ထက် ကိုချစ်တဲ့ bella Star လေးတို့ရဲ့ အလှုလည်း ပါတာမို့ ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ပါတယ်တဲ့နော်။