သူ့နာမည်နဲ့အကောင့်ဖွင့်ပြီး အလှူခံနေသူတွေ ရှိကြောင်း ပြောလာတဲ့ စွမ်းဇာနည်

ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ ကိုဗစ်ကာလကို အဆင်ပြေပြေကျော်လွှားသွားနိုင်ဖို့ အကုန်လုံးတက်ညီလက်ညီ ဝိုင်းဝန်းကူညီဆောင်ရွက်နေကြချိန်မှာ အနုပညာရှင်တွေကိုယ်တိုင်လည်း တတ်အားသရွေ့လှူဒါန်းပေးနေတာကိုတော့ ပရိသတ်ကြီးလည်း သိရှိကြမှာပါ။ အနုပညာရှင်တွေကိုယ်တိုင် ဦးဆောင်ကာ ပရိသတ်တွေနဲ့အတူတူ ပေါင်းစည်းပြီး လှူဒါန်းပေးနေတာကတော့ မြင်တွေ့သူတိုင်းကိုလည်း ကြည်နူးပီတိဖြစ်စေမှာပါ။

ဒါပေမယ့် အခုလိုလိုမျိုး အလှူခံသူ၊ လှူပေးကြသူ အရမ်းများနေတဲ့အချိန်မှာ မသမာသူတချို့ရဲ့ အနုပညာရှင်အယောင်ဆောင်အမြတ်ထုတ်မှုတွေလည်း ကြုံနေရပါတယ်။ ဒီနေ့မှာတော့ ပရိသတ်ရဲ့အချစ်တော်စွမ်းဇာနည်က သူ့နာမည်နဲ့အယောင်ဆောင်အကောင့်ဖွင့်ပြီး အလှူငွေကောက်ခံနေတဲ့ စွမ်းဇာနည်အကောင့်အတုကို သတိထားကြဖို့ ဒီအကောင့်မှာ အလှူခံနေတာတွေက ကျွန်တော်မဟုတ်ပါဘူးဗျာဆိုပြီး ရေးသားမျှဝေလာပါတယ်။

အဲ့ဒီအတုကတော့ လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းပေးမယ်ဆိုပြီး သီတင်းကျွတ်မတိုင်ခင်အထိ အလှူငွေတွေ ကောက်ခံနေတာပါ။ မသိ နားမလည်တဲ့ပရိသတ်တွေ စွမ်းဇာနည်နဲ့အတူတူ ကုသိုလ်ယူဖို့ ငွေလွှဲပေးတာတွေ လုပ်မိနေမှာစိုးတာကြောင့် စွမ်းဇာနည်ကတော့ သူ ကောက်ခံနေတာမဟုတ်ကြောင်း အသိပေးခဲ့တာပါ။ ပရိသတ်ကြီးလည်း အနုပညာရှင်တွေနဲ့အတူ လှူဒါန်းကုသိုလ်ယူဖို့ စဉ်းစားထားရင် သူ့ရဲ့အကောင့်၊ ပေ့ချ်က Follower အရေအတွက် အနည်းအများကိုကြည့်ပြီး အတု အစစ်ခွဲခြားကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။


Source – Swan Zarni
Rainbow- Cele Gabar