(၂၄)နာရီအတွင်း ကြည်ရှုသူ သိန်း(၂၀)အထိရှိခဲ့တဲ့ ယုန်လေးရဲ့ စိတ်ကူးသီချင်းလေး

ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ ဇွန်လ (၂၇)ရက်နေ့က အဆိုတော်ယုန်လေး၊ A4 ကျော်စွာ နဲ့ Min Zတို့ရဲ့ ဒုတိယမြောက်သီချင်းလေးဖြစ်တဲ့ “စိတ်ကူး” သီချင်းလေးထွက်ရှိလာခဲ့တာ ပရိသတ်တွေနားဆင်ပြီးလောက်မယ်ထင်ပါတယ်။ “စိတ်ကူး” သီချင်းကတော့ ထွက်ရှိလာကတည်းက ပရိသတ်တွေရဲ့ ချီးကျူးမှုကိုခံနေရတဲ့ သီချင်းကောင်းလေးလည်း ဖြစ်ခဲ့ပါတယ်။

ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ “စိတ်ကူး” သီချင်းလေးကတော့ ထွက်ရှိလာခဲ့ပြီး (၂၄)နာရီအတွင်းမှာတင် ကြည့်ရှုအားပေးသူ သိန်း(၂၀)အထိရှိနေခဲ့တဲ့ အထိ မထင်မှတ်ထားလောက်အောင်ကို အောင်မြင်ခဲ့ပါသေးတယ်။ အခုလိုအောင်မြင်မှုရခဲ့တဲ့ အတွက် ယုန်လေးက အခုလို အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ရှိကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားခဲ့ပါတယ်။

ကျေးဇူးတင်စကားလေးနဲ့ အတူ “စိတ်ကူး” သီချင်းလေးထဲက ပရိသတ်တွေကြိုက်နှစ်သက်တဲ့ စာသားလေးတွေ ကြိုက်တဲ့ ပြကွက် ရိုက်ချက်လေးတွေရှိရင်လည်း ဖြေပေးခဲ့ကြဖို့လည်း တောင်းဆိုထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ “စိတ်ကူး” သီချင်းလေးထဲက ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ စာသားတွေရိုက်ချက်ပြကွက်တွေရှိရင် ဖြေပေးခဲ့ကြပါဦး။

Chilli – CeleGabar
Source – Yone Lay