Global Drama တစ်ခုဖြစ်တဲ့ “Pachinko” ကို စတင်ရိုက်ကူးနေပြီဖြစ်တဲ့ လီမင်ဟို

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ လီမင်ဟိုကတော့ မြန်မာနိုင်ငံကနှုတ်ခမ်းနီမလေးတွေသည်သည်းလှုပ်အားပေးတဲ့မင်းသားတွေထဲကတစ်ဦးလည်း ဖြစ်ပါတယ်။ စစ်မှုထမ်းပြီးနောက်ပထမဆုံးရိုက်ကူးခဲ့တဲ့ “The King :The Eternal Monarch” ဇာတ်လမ်းတွဲကလည်း အောင်မြင်ခဲ့ပြီး အခုလည်း ဇာတ်လမ်းတွဲအသစ်ထပ်မံထွက်ရှိလာဦးမှာပါ။ ဒီဇာတ်လမ်းတွဲကတော့ Apple TV+ ကနေပြီးတော့ ပြသမယ့် Global Drama တစ်ခုဖြစ်တဲ့ “Pachinko” ဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာတော့ လီမင်ဟိုဟာ ကိုရီးယားနိုင်ငံကနေပြီး ဂျပန်နိုင်ငံကိုရောက်ရှိခဲ့သူတစ်ဦးဖြစ်တဲ့ဟန်ဆုအနေနဲ့ပါဝင်ထားပါတယ်။ သူဟာ ချမ်းသာကြွယ်ဝပြီးသြဇာအာဏာကြီးမားတဲ့လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး လျှို့ဝှက်ပြီးမှန်းဆရခက်တဲ့ ဇာတ်ရုပ်ဖြစ်ပါတယ်။ ဒီဇာတ်ကားRomance လည်းပါဝင်မှာဖြစ်ပြီး အပိုင်းအနေနဲ့(၈)ပိုင်းပါဝင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းဟာနာမည်ကျော်ဝတ္ထုတစ်ပုဒ်ကိုပြန်လည်ရိုက်ကူးတာဖြစ်ပြီး လီမင်ဟိုအနေနဲ့ ဒီဇာတ်လမ်းတွဲနဲ့အတူ ဟောလိဝုဒ်ပွဲမှာပွဲဦးထွက်မယ့်ဇာတ်ကားလည်း ဖြစ်လာမှာပါ။

ဒီဇာတ်ကား ကိုရိးယား၊ဂျပန်နဲ့ အမေရိကမှာ သွားရာက်ရိုက်ကူးမှာဖြစ်ပါတယ်။ အခုဆိုရင် တောင်ကိုရီးယားမှာစတင်ရိုက်ကူးနေပြီဖြစ်ပြီး ကနေဒါမှာလည်း သွားရောက်ရိုက်ကူးဦးမှာပါ။ ရိုက်ကွင်းတွေနဲ့အတူ ၂၀ ရာစုအစပိုင်း ခုနှစ်ကအပြင်အဆင်တွေပြုလုပ်ထားတာကိုလည်း သိရပါတယ်။ Apple ကနေပြီးတော့ ငွေကြေးမြောက်များစွာအကုန်အကျခံရိုက်ကူးထားတာဲ့ ဒီလိုဇာတ်ကားကောင်းနဲ့အတူ ပရိသတ်တွေကတော့ လီမင်ဟိုရဲ့အနုပညာခြေလှမ်းအသစ်ကိုစောင့်မျှော်နေကြတော့မှာအမှန်ပါပဲနော်…
Source : forbes

Check Also

ထိပ်တန်းမင်းသားPark Seo Joon နဲ့အတူ သရုပ်ဆောင်ခွင့်ရခဲ့တဲ့ မေမြတ်နိုး

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ Park Seo Joon ကိုတော့ ပရိသတ်တွေသိကြမှာပါ။ မြန်မာနိုင်ငံကနှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ ပရိသတ်အချစ်တော်မေမြတ်နိုးကတော့ Park Seo Joonနဲ့အတူတွဲပြီးတော့ သရုပ်ဆောင်ခွင့်ရခဲ့ပါပြီ။ မေကတော့ Park …