အိမ်မက်တွေနောက်လိုက်မယ့်လူငယ်တွေအတွက် စိတ်ခွန်အားရစေခဲ့တဲ့ Record of Youth ဇာတ်လမ်းတွဲ

လက်ရှိမှာပရိသတ်တွေကြားရေပန်းစားနေတဲ့ တောင်ကိုရီးယားဇာတ်လမ်းတွဲတစ်ခုကတော့ Record of Youth ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ tvN ရုပ်သံလိုင်းကပြသတာဖြစ်ပြီး မင်းသားချော Park Bo Gum နဲ့မင်းသမီး Park So Dam တို့အပြင် မင်းသား Byeon Woo-Seok လည်းပါဝင်ထားတာပါ။

Park Bo Gum ကတော့ မိဘဖြစ်သူကဆင်းရဲပေမယ့် အောင်မြင်တဲ့သရုပ်ဆောင် တစ်ယောက်ဖြစ်လာဖို့ကြိုးစားနေတဲ့ မော်ဒယ်လ်တစ်ယောက်ပါ။ ဒါ့အပြင် Park So Damကလည်း မိတ်ကပ်ပညာရှင် ၊ Byeon Woo-Seok ကလည်း မော်ဒယ်လ်တစ်ဦးစသဖြင့် ကိုယ့်ရဲ့careerလမ်းကြောင်းပေါ်မှာ အောင်မြင်အောင်ကြိုးစားနေကြသူတွေပါ။ သူတို့တွေရဲ့ဘဝတွေကို အကောင်းဆုံးပုံဖော်ပြီး ရိုက်ကူးသွားခဲ့တဲ့ဒီဇာတ်လမ်းလေးကတော့ မနေ့ကတင်ဇာတ်သိမ်းပိုင်းအထိထုတ်လွှင့်ခဲ့ပါပြီ။


ဒီဇာတ်ကားလေးကလည်း ပရိသတ်ကြိုက်နှစ်သက်မှုများခဲ့သလို ဇာတ်သိမ်းပိုင်းလေးဟာလည်း ပရိသတ်တွေအတွက်ကြည်နူးစရာဖြစ်ခဲ့တဲ့ဇာတ်သိမ်းလေးလည်း ဖြစ်ပါတယ်။ Record of Youthဟာ အိမ်မက်တွေနောက်လိုက်ကြတဲ့လူငယ်တွေအကြောင်းကိုရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတစ်ခခုဖြစ်ပြီး လူငယ်တွေအတွက် စီးမျောကြည့်ရှုဖို့သင့်တော်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါပဲ။
Ref : asianwiki,soompi

Check Also

ထိပ်တန်းမင်းသားPark Seo Joon နဲ့အတူ သရုပ်ဆောင်ခွင့်ရခဲ့တဲ့ မေမြတ်နိုး

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ Park Seo Joon ကိုတော့ ပရိသတ်တွေသိကြမှာပါ။ မြန်မာနိုင်ငံကနှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ ပရိသတ်အချစ်တော်မေမြတ်နိုးကတော့ Park Seo Joonနဲ့အတူတွဲပြီးတော့ သရုပ်ဆောင်ခွင့်ရခဲ့ပါပြီ။ မေကတော့ Park …

x
error: Content is protected !!