ထိပ်တန်းမင်းသားPark Seo Joon နဲ့အတူ သရုပ်ဆောင်ခွင့်ရခဲ့တဲ့ မေမြတ်နိုး

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ Park Seo Joon ကိုတော့ ပရိသတ်တွေသိကြမှာပါ။ မြန်မာနိုင်ငံကနှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ ပရိသတ်အချစ်တော်မေမြတ်နိုးကတော့ Park Seo Joonနဲ့အတူတွဲပြီးတော့ သရုပ်ဆောင်ခွင့်ရခဲ့ပါပြီ။


မေကတော့ Park Seo Joon နဲ့အတူ ကြော်ငြာတစ်ခုကိုရိုက်ကူးခွင့်ရခဲ့ပါတယ်။ ဒီနေ့မှာတော့ အဲ့ဒီဗီဒီယိုလေးကို Park Seo Joonရဲ့ဖေ့ဘွတ်ခ်ကနေပြီးတော့ မျှဝေခဲ့သလို မေမြတ်နိုးကလည်း Surprise ဆိုပြီးတော့ ပြန်လည်မျှဝေခဲ့ပါတယ်။ မေမြတ်နိုးကတော့ Miss Asia Pacific World တစ်ယောက်အဖြစ် မြန်မာနိုင်ငံကို ပထမဆုံးသရဖူသယ်လာခဲ့သူတစ်ယောက်ပါ။ ဒါ့အပြင် Asia Next Top Model ပြိုင်ပွဲကြီးရဲ့ 4th season မှာလည်း မြန်မာနိုင်ငံကနေပြီးတော့ ပထမဆုံးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Top -7 အဆင့်အထိပါဝင်ခဲ့သူပါ။

လက်ရှိအချိန်မှာမော်ဒယ်လ် စင်္ကာပူနိုင်ငံက basic မော်ဒယ်လ်အေဂျင်စီနဲ့လက်တွဲပြီးတော့ အလုပ်လုပ်ကိုင်နေတာပါ။ အခုလိုမျိုး တောင်ကိုရီးယားနိုင်ငံကနာမည်ကြီးထိပ်တန်းမင်းသားတစ်ယောက်နဲ့အတူ သရုပ်ဆောင်ခွင့်ရခဲ့တာကြောင့် ပရိသတ်တွေကလည်း ဂုဏ်ယူနေတာဖြစ်ပါတယ်။ Congratulations ပါမေရေ…
#MayMyatNoe,Park Seo Joon