Start – up ဇာတ်လမ်းတွဲနဲ့အတူ မဒီလေးတွေကြားရေပန်းစားနေပြန်တဲ့ မင်းသားKim Seon Ho

လက်ရှိအချိန်မှာတော့ ပရိသတ်တွေကြားရေပန်းစားနေတဲ့ ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲတစ်ခုကတော့ Start – up ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ ပရိသတ်အချစ်တော် Bae Suzy နဲ့ Nam Joo-Hyuk တို့ပါဝင်ထားပြီး ကိုယ်ပိုင်လုပ်ငန်းနဲ့အောင်မြင်ဖို့အတွက်ကြိုးစားကြတဲ့ လူငယ်လေးတွေအကြောင်းကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။


ဒီဇာတ်လမ်းတွဲမှာတော့ နောက်ထပ်ဒုတိယဇာတ်ဆောင်အနေနဲ့ပါဝင်ထားတဲ့မင်းသားကတော့ Kim Seon Ho ဖြစ်ပါတယ်။ ပါးချိုင့်လေးနဲ့အတူ အပြုံးချိုချိုလေးတွေပိုင်ဆိုင်ထားတဲ့ မင်းသားကတော့ မဒီလေးတွေကြားရေပန်းစားနေပြန်တာပါ။ သူ့ရဲ့အသက်ကတော့ (၃၄)နှစ်ရှိပြီဖြစ်ပြီး (၂၀၀၉) ခုနှစ်ကတည်းက အနုပညာအလုပ်ကိုလုပ်ကိုင်ခဲ့တာကြောင့် ဇာတ်လမ်းတွဲတော်တော်များများမှာပါဝင်သရုပ်ဆောင်ဖူးပါတယ်။


“100 Days My Prince” “Two Cops” နဲ့ မကြာသေးခင်ကထွက်ရှိထားတဲ့ “Find Me in Your” Memory စတဲ့ ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေသတိထားမိကြမှာပါ။ Start-up ဇာတ်လမ်းတွဲမှာတော့ Kim Seon Ho ရဲ့သရုပ်ဆောင်မှုနဲ့ရုပ်ရည်ချောမောမှုတွေကြောင့် ပရိသတ်တွေကြားလူပြောများနေတာပါ။ နောက်ထပ် အဓိကဇာတ်ဆောင်အနေနဲ့ရုပ်ရှင်ဇာတ်လမ်းတွဲအသစ်တွေထွက်ရှိလာဖို့ မျှော်လင့်လျှက်ပါ Kim Seon Ho ရေ…
Ref :asianwiki,wiki