Kim Soo Hyun ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းသရုပ်ဆောင်တစ်ယောက်ဖြစ်သလို သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေက စောင့်မျှော်နေကြတာပါ။ မကြာသေးခင်ကတော့ “It’s Okay To Not Be Okay” ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြီးစီးသွားခဲ့ပြီး ပရိသတ်တွေစိတ်ကျေနပ်မှုများစွာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒီနေ့နိုဝင်ဘာလ(၆)ရက်နေ့မှာတော့ ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ “Finger” နဲ့အတူပရိသတ်တွေဆီကိုပြန်လာတော့မယ့်သတင်းထွက်ရှိလာတာပါ။ ဒီဇာတ်လမ်းတွဲကတော့ “American Psycho” ဇာတ်ကားကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Netflix ကနေပြသသွားမယ့် စီးရီးတစ်ခုလို့လည်း သိရပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ Kim Soo Hyun ဟာ နာမည်ကြီးတဲ့ interior designer တစ်ယောက်ဖြစ်ပြီး အတွင်းမှာတော့ လျှို့ဝှက်စွာဖုံးကွယ်ထားတဲ့ sociopath killer တစ်ယောက်အနေနဲ့ သရုပ်ဆောင်သွားမှာပါ။
ဒီလိုဇာတ်ကားကောင်းနဲ့အတူ Kim Soo Hyun ဟာ အောင်မြင်မှုဂုဏ်သတင်းကြီးမားလာဦးမယ်လို့ ခန့်မှန်းနေကြပါတယ်။ သရုပ်ဆောင်ကောင်းမွန်မှုနဲ့အတူ အမိုက်စားဇာတ်ရုပ်ကိုပီပြင်စွာပုံဖော်ဦးမယ် မင်းသားချောKim Soo Hyunကိုတော့ ပရိသတ်တွေကမျှော်လင့်နေကြတော့မှာပါ။ ဒီဇာတ်ကားကတော့ (၂၀၂၁)ခုနှစ်နွေဦးရာသီမှာထွက်ရှိလာမယ်လို့ သိရပါတယ်။
Source : koreaboo