အမေရိကန်စီးရီးအနေနဲ့ပြန်လည်ရိုက်ကူးဖို့ရှိနေတဲ့ “Crash Landing on You”

“Crash Landing on You” ကို ထုတ်လုပ်ခဲ့တဲ့ Studio Dragon ရဲ့ စီအီးအိုဖြစ်သူက ဒီဇင်ဘာ(၄)ရက်နေ့မှာ Netflix US နဲ့အတူ “Crash Landing on You” ကို ပြန်လည်ရိုက်ကူးဖို့အတွက်ဆွေးနွေးနေခဲ့တာ နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီ ဆိုတဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“Crash Landing on You” ဇာတ်လမ်းတွဲကတော့ ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲသမိုင်းတစ်လျှောက်မှာနာမည်အကြီးဆုံးဇာတ်လမ်းတွဲတွေထဲကတစ်ခုဖြစ်ပါတယ်။ နောက်ဆုံးပိုင်းကိုတော့ (၂၀၂၀)ခုနှစ်ဖေဖော်ဝါရီလမှာနောက်ဆုံးအပိုင်းကိုထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး ကြည့်ရှုနှုန်း(၂၁.၇%) ရှိခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံကအထက်တန်းလွှာအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်နဲ့ မြောက်ကိုရီးယားနိုင်ငံကစစ်တပ်အရာရှိကြားထဲက အချစ်ရေးဇာတ်လမ်းကို ပုံဖော်ထားတာကို ပရိသတ်တွေလည်း သိကြမှာပါ။

မနှစ်ကလည်း မြန်မာပရိသတ်တွေကြားအရမ်းကိုနာမည်ကြီးခဲ့တာလည်းဖြစ်ပါတယ်။အခုလိုသတင်းမျိုးထွက်ရှိလာတဲ့အခါ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဟာလည်း ဘယ်လိုမျိုးထွက်ရှိလာမလဲဆိုတာကို စိတ်ဝင်စားနေကြမယ်ထင်ပါရဲ့နော်…

x
error: Content is protected !!