ကြည့်ရှုသူများပြားလွန်းတာကြောင့် မူလစီစဉ်ထားသည်ထက်ပိုမိုပြသသွားမယ့် The Red Sleeve ဇာတ်လမ်းတွဲ

လက်ရှိအချိန်မှာပရိသတ်ကြည့်ရှုမှုများပြားနေတဲ့ ဇာတ်လမ်းတွဲကတော့ The Red Sleeve ဆိုတဲ့ နန်းတွင်းဇာတ်လမ်းလေးပါပဲ။ ဒီဇာတ်လမ်းတွဲရဲ့ရေပန်းစားမှုကြောင့်အခုဆိုရင် မူလကစီစဉ်ထားတာထက် ပိုမိုပြသသွားဖို့လည်း ရှိနေပါတယ်။ မူလက (၁၆) ပိုင်းသာစီစဉ်ထားပေမယ့် လက်ရှိအချိန်မှာတော့ (၁၇) ပိုင်းအထိပြသသွားမယ်လို့သိရပါတယ်။


The Red Sleeve ဇာတ်လမ်းတွဲဟာ မင်းသား Lee Jun-hoနဲ့ မင်းသမီး Lee Se – young တို့က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားပြီး လိုက်ဖက်ညီညီနဲ့ပရိသတ်တွေကိုဖမ်းစားထားနိုင်တာလည်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ အချစ်ရေးထက်တိုင်းပြည်အရေးဟာပိုအရေးကြီးတယ်လို့ခံယူထားသူဂျိုဆွန်းဘုရင်ကြီးနဲ့ ရွေးချယ်ထားတဲ့ဘဝကို ကာကွယ်လိုသူ အပျိုတော်မိန်းကလေးတို့ကြားက နန်းတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။

ဒီဇာတ်လမ်းတွဲဟာ MBC ရုပ်သံလိုင်းမှာလည်း (၃) နှစ်ကျော်အတွင်း ကြည့်ရှုနှုန်း (၁၀)ရာခိုင်နှုန်းကျော်သွားတဲ့ မီနီစီးရီးတစ်ခုအဖြစ်လည်း စံချိန်ချိုးထားတာ ဖြစ်ပါတယ်။ The Red Sleeve ရဲ့ ပရိသတ်တွေအတွက် သတင်းကောင်းပါပဲနော်။

x
error: Content is protected !!