သိုင်းရွိုက်ကင်ဆာခံစားခဲ့ရတဲ့ မင်းသမီး Park So Dam

ပရိသတ်တွေနဲ့မစိမ်းတဲ့မင်းသမီးတစ်လက်ဖြစ်တဲ့ Park So Dam ကိုတော့ ပရိသတ်တွေသိကြမှာပါ။ Parasite လို နာမည်ကျော်ဇာတ်ကားတွေမှာသာမက ဒရမ်မာဇာတ်လမ်းတွဲတွေမှာပါ သရုပ်ဆောင်ထားပြီး ပရိသတ်အခိုင်မာရရှိထားသူပါ။ သူကတော့ သိုင်းရွိုက်ကင်ဆာတစ်မျိုးဖြစ်တဲ့ Papillary Thyroid Cancer ကိုခံစားခဲ့ရတာဖြစ်ပြီး အခုဆိုရင် ပြန်လည်ကျန်းမာလာပြီ ဖြစ်ပါတယ်။


မင်းသမီးဟာ ပုံမှန်စစ်ဆေးမှုတွေနေပြီးတော့ ကင်ဆာရောဂါဖြစ်နေတာကို သိခဲ့ရတာဖြစ်ပါတယ်။ သိရှိပြီးနောက် သေချာဂရုစိုက်ကုသခဲ့ကာ အခုဆိုရင် ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်ပါတယ်။ သို့ပေမဲ့ သူပါဝင်သရုပ်ဆောင်ထားတဲ့ Special Delivery ဇာတ်ကားရဲ့ အကြိုပြသခြင်းတွေနဲ့ ပရိုမိုးရှင်းပွဲတွေမှာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။


သူ့ရဲ့အေဂျင်စီမှနေပြီးတော့ ရောဂါမှပြန်လည်သက်သာလာတဲ့အကြောင်းနဲ့ အခုလိုခက်ခဲတဲ့အချိန်မှာအတူဖြတ်သန်းပေးကြတဲ့ Special Delivery ဇာတ်ကားရဲ့သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေကို ကျေးဇူးတင်ကြောင်း ရေးသားခဲ့ပါတယ်။ Park So Dam တစ်ယောက်အမြန်ဆုံးကျန်းမာလာစေဖို့ အကောင်းဆုံးလုပ်ဆောင်ပေးမယ်လို့ ဆိုထားပါတယ်။

x
error: Content is protected !!