Snowdrop ဇာတ်လမ်းတွဲရဲ့အငြင်းပွားမှုတွေအတွက် ထုတ်ပြန်ချက်

(၁၉၈၇) ခုနှစ် ဆိုးလ်မြို့ကိုအခြေတည်ရိုက်ကူးထားတဲ့ Snowdrop ဇာတ်လမ်းတွဲကတော့ စတင်ပြသနေစဉ်မှာပင် ဝေဖန်ကန့်ကွက်မှုများစွာရှိနေခဲ့ပါပြီ။ နိုင်ငံရေးအရှုပ်အထွေးတွေပါဝင်ရိုက်ကူးထားတဲ့ဒီဇာတ်လမ်းတွဲကို သမိုင်းကြောင်းကိုမှားယွင်းစွာပုံဖော်တယ်ဆိုပြီး ကန့်ကွက်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီလိုအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီးတော့ JTBC ကတော့ တရားဝင်စားတစ်စောင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။


ဒရမ်မာရဲ့အစပိုင်းမှာ အဓိကဇာတ်ဆောင်ကိုသူလျှိုအဖြစ်ရိုက်ကူးထားတာဖြစ်တာကြောင့် ဒါနဲ့ပတ်သက်ပြီးအငြင်းပွားမှုတွေ ဖြစ်လာခဲ့တာပါ။ JTBC ကနေပြီးတော့ ဒီဇာတ်လမ်းဟာ “အာဏာကိုထိန်းသိမ်းဖို့အတွက် တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားရဲ့အာဏာပိုင်တွေဟာ အတူလက်တွဲအလုပ်လုပ်ပုံကို ဖော်ပြထားပါတယ်။ အင်အားကြီးတဲ့သူတွေအသုံးချခံခဲ့ရပြီး စတေးခံခဲ့ရတဲ့ဇာတ်ကြောင်းကိုပုံဖော်ထားတဲ့ ဖန်တီးမှုတစ်ခုသာဖြစ်ပါတယ်။


ဒီဇာတ်လမ်းမှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာဘယ်သူလျှိုမှမပါဝင်ကြောင်းနဲ့ အပိုင်း(၁)နဲ့(၂) မှာ ပါဝင်ထားတဲ့အဓိကဇာတ်ဆောင်နှစ်ဦးဟာ ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာမပါခဲ့သလို နောက်ထပ်အပိုင်းတွေမှာလည်း ပါဝင်လာဖို့မရှိပါဘူး။ နောက်လာမယ့် အပိုင်းတွေမှာ သမိုင်းကြောင်းကိုမှားယွင်းစွာပုံဖော်တယ်ဆိုတဲ့နာလည်မှုလွဲမှားခြင်းဟာရှင်းလင်းသွားမှာဖြစ်ပါတယ်။ ” စသဖြင့် JTBC ဘက်ကနေပြီးတော့ ပြောဆိုထားပါတယ်။

x
error: Content is protected !!