လူကြိုက်အများဆုံးမင်းသမီးနေရာအတွက် Son Ye Jin ကိုရှုံးနိမ့်ခဲ့တဲ့ Song Hye Kyo

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်ချန်နယ်တစ်ခုဖြစ်တဲ့ THEKKING ကတော့ ဒီဇင်ဘာလရဲ့လူကြိုက်အများဆုံးမင်းသမီးနေရာအတွက် Son Ye Jin က အနိုင်ရခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပရိသတ်တော်တော်များများကတော့ Son Ye Jin ဟာ ဒီဇင်လာလမှာသာမက တစ်နှစ်ပတ်လုံးတွင်လည်း “39” ဆိုတဲ့ ဇာတ်လမ်းတွဲရဲ့ကမ်းလှမ်းမှုကလွဲပြီး မီဒီယာတွေမှာ ထွက်ပေါ်လာခြင်းမရှိခဲ့ပေမယ့် အနိုင်ရခဲ့တာအတွက် ဝမ်းသာခဲ့ကြပါတယ်။


ဒါ့အပြင် ဒီဇင်လာလတစ်လလုံး Now, We Are Breaking Up ဇာတ်လမ်းတွဲပြသနေတဲ့အခုလိုအချိန်မှာ Song Hye Kyo ရွေးချယ်မခံရခြင်းကိုတော့ အံ့အားသင့်နေကြတာပါ။ ဒီလိုရွေးချယ်ခံရခြင်းကြောင့် New York Times Square အဆောက်အဦးမှာ Son Ye Jin ရဲ့ပုံကိုပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကတော့ ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ “39” ဒရမ်မာဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေဆီပြန်မလာခင်မှာ အဓိပ္ပာယ်ရှိတဲ့လက်ဆောင်ကောင်းတစ်ခုလိုပါပဲ။


ဒီဇာတ်လမ်းတွဲကတော့ အသက်(၄၀)ထဲကိုရောက်နေပြီဖြစ်တဲ့ အမျိုးသမီး(၃)ဦးရဲ့ဘဝကို အခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ အခြားသောသရုပ်ဆောင်ကောင်းတွေဖြစ်တဲ့ Jeon Mi Do, Ahn So Hee, Yeon Woo Jin နဲ့ Lee Moo Saeng တို့လည်း ပါဝင်ထားပါတယ်။

x
error: Content is protected !!