Kim Go-eun, Nam Ji-hyun နဲ့ Park Ji-hoo တို့ကို အတူတွဲတွေ့ရမယ့် ဒရမ်မာဇာတ်လမ်းတွဲသစ်

ဒရမ်မာဇာတ်လမ်းတွေကလည်း ဆက်တိုက်ထွက်ရှိနေသလို ပရိသတ်ကြိုက်တဲ့သရုပ်ဆောင်တွေရဲ့ဇာတ်လမ်းတွဲတွေကို မျှော်လင့်နေတဲ့သူလည်း ရှိပါတယ်။ တောင်ကိုရီးယားရဲ့နာမည်ကျော်မင်းသမီးတွေဖြစ်တဲ့ Kim Go-eun နဲ့ Nam Ji-hyun တို့နဲ့အတူ တက်သစ်စမင်းသမီးချော Park Ji-hoo တို့ရဲ့ဇာတ်လမ်းတွဲအသစ်ထွက်ရှိလာဖို့ရှိပါတယ်။


ဇာတ်လမ်းနာမည်ကတော့ “Little Women” ဖြစ်ပြီး ဆင်းရဲတဲ့မိသားစုကပေါက်ဖွားလာပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြတဲ့ ညီအစ်မ(၃)ဦး အကြောင်းကို ရိုက်ကူးထားတာပါ။ သူတို့(၃)ဦးဟာ ကြီးမာတဲ့အဖြစ်အပျက်တစ်ခုကဘဝမှာရိုက်ခတ်ခံခဲ့ရပြီးနောက် သူတို့ဘဝရဲ့ပြသနာကို ငွေနဲ့ ဖြေရှင်းဖို့ကြိုးစားကြတဲ့အကြောင်းကို ရိုက်ကူးထားပါတယ်။Kim Go-eun ကတော့ ငွေနဲ့မိသားစုကိုကာကွယ်ပေးလိုတဲ့ သမီးအကြီးဆုံးနေရာက ပါဝင်ထားပါတယ်။


Nam Ji-hyun ကတော့ ဒုတိယသမီးဖြစ်ပြီး တရားမျှတမှုကိုလိုလားတဲ့ သတင်းထောက်တစ်ယောက်အနေနဲ့ပါဝင်ထားပါတယ်။ Park Ji-hoo ကတော့ အနုပညာစွမ်းရည်အပြည့်ပါတဲ့အငယ်ဆုံးသမီးအဖြစ်ပါဝင်ထားပြီး စိတ်လှုပ်ရှားစရာဇာတ်ရုပ်ဖြစ်ပြီး ဇာတ်ရှိန်ကိုပိုမြင့်စေမယ်လို့ ယူဆရပါတယ်။ စိတ်ဝင်စားစရာဇာတ်လမ်းတွဲလေးတစ်ခုဖြစ်တာကြောင့် ကြည့်ချင်နေကြပြီမဟုတ်လားနော်။

x
error: Content is protected !!