ရေပန်းစားတဲ့သရုပ်ဆောင်စာရင်းမှာ Song Hye Kyo နဲ့ Kwon Na Ra တို့ကိုကျော်ပြီး ပထမနေရာရရှိခဲ့တဲ့မင်းသမီး

Good Data ကထုတ်ပြန်လိုက်တဲ့ ဇန်နဝါရီလပထမအပတ်ရဲ့ ရေပန်းစားတဲ့ဒရမ်မာဇာတ်လမ်းတွဲတွေစာရင်းမှာ Our Beloved Summer မှာ ထိပ်ဆုံးမှာရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ဒရမ်မာဇာတ်လမ်းတွဲချစ်သူတွေကြားမှာလည်း ရေပန်းစားနေတဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။


ဒီဇာတ်လမ်းတွဲကတော့ အထက်တန်းကျောင်းမှာရိုက်ကူးခဲ့တဲ့မှတ်တမ်းရုပ်ရှင်ပြန်လည်ခေတ်စားလာတာကြောင့် လမ်းခွဲခဲ့ကြတဲ့ချစ်သူနှစ်ဦးပြန်လည်တွေ့ဆုံခဲ့ကြတဲ့အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးထားတဲ့ လူငယ်အချစ်ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းတွဲမှာတော့ Kim Da Mi နဲ့ Choi Woo Sik တို့ အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီသီတင်းပတ်ရဲ့ရေပန်းစားတဲ့သရုပ်ဆောင်တွေစာရင်းမှာတော့ သူတို့နှစ်ဦးဟာ နံပါတ်(၁) နဲ့ (၂) အသီးသီးရရှိခဲ့ကြတာပါ။ နံပါတ်(၄) နဲ့ (၅) နေရာမှာတော့ Young Lady and Gentleman ဇာတ်လမ်းတွဲက Lee Se Hee နဲ့ Ji Hyun Woo တို့ ရှိပါတယ်။


နံပါတ်(၆) နဲ့ (၇) နေရာမှာတော့ နာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Song Hye Kyo နဲ့ Kwon Na Ra တို့က ရှိနေပါတယ်။ ဒီတစ်ပတ်မှာတော့ Kim Da Mi နဲ့ Choi Woo Sik တို့နှစ်ဦးဟာ နာမည်ကျော်တွေကို ကျော်တက်ပြီးတော့ ထိပ်ဆုံးမှာရှိနေတာပါ။

x
error: Content is protected !!