ဆုပေးပွဲမှာ ကလေးသရုပ်ဆောင်ရဲ့ကျေးဇူးတင်စကားကြောင့် ပွဲကျခဲ့ရတဲ့ Rowoon နဲ့ Park Eun Bin

ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Choi Myung Bin ကိုတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မှာပါ။ သူကတော့ 2021 KBS Drama Awards မှာ The King’s Affection နဲ့ Young Lady and Gentleman စတဲ့ဇာတ်ကားတွေနဲ့အတူ အကောင်းဆုံးကလေးသရုပ်ဆောင်ဆုရရှိခဲ့တာလည်း ဖြစ်ပါတယ်။


ဆုပေးပွဲမှာတော့ အတူရိုက်ကူးခဲ့တဲ့သူတွေကို ကျေးဇူးတင်စကားပြောခဲ့တဲ့အပြင် The King’s Affection မှာ အတူရိုက်ကူးခဲ့ရတဲ့ Rowoon နဲ့ Park Eun Bin တို့ကိုလည်း ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ သူကတော့ ရိုက်ကွင်းတွေမှာ လူကြီးသရုပ်ဆောင်တွေနဲ့တွေ့ရဖို့ခက်ခဲပေမယ့် Rowoon နဲ့ Park Eun Bin တို့က သူ့ဆီကို အရင်လာလည်တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့တာပါ။


ကျေးဇူးတင်စကားပြောရင်း မမ Park Eun Bin နဲ့ ဦးလေး Rowoon လို့ ပြောခဲ့တာကြောင့် Rowoon တစ်ယောက် ထိတ်လန့်သွားတာဖြစ်ပါတယ်။ Park Eun Bin ကတော့ (၁၉၉၂) ခုနှစ်မှာမွေးတာဖြစ်ပြီး Rowoon ထက် အသက်လေးနှစ်ပိုကြီးတာလည်း ဖြစ်ပါတယ်။ Choi Myung Bin ရဲ့အလွဲလေးကတော့ ချစ်စရာကောင်းသလို ရယ်မောစရာဖြစ်ခဲ့ရပါတယ်။

x
error: Content is protected !!