Lee Joon Giရဲ့ ရုပ်ရှင်ရိုက်ကွင်းကို ကော်ဖီကားပို့ပြီး အားပေးခဲ့တဲ့ မင်းသမီးချော Moon Chae Won

နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တော်မင်းသားချော Lee Joon Gi ကတော့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေ မပြတ်ရိုက်ကူးလျက်ရှိနေတာပါ။ လက်ရှိတော့ သိပ်မကြာခင်မှာ ထုတ်လွှင့်ပြသသွားမယ့် Again My Life ဇာတ်လမ်းတွဲကိုရိုက်ကူးနေတာဖြစ်ပြီး ရိုက်ကွင်းကိုတော့ မင်းသမီးချော Moon Chae Won က ကော်ဖီကားကိုပို့ပြီး အားပေးကြောင်းပြသခဲ့တာဖြစ်ပါတယ်။


Lee Joon Gi ကတော့ အခုလိုအားပေးတဲ့အပြုအမူအတွက် ကျေးဇူးတင်ကြောင်း အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ Moon Chae Won ကတော့ Again My Life ဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင်နဲ့ ဝန်ထမ်းတွေ ကောင်းကောင်းသုံးဆောင်ကြပါပြီးတော့ ဒီနေ့ရိုက်ကူးရေးအတွက်ကြိုးစားပါ” ဆိုပြီးတော့ ချစ်စဖွယ်ရေးသားထားပါသေးတယ်။


Lee Joon Gi နဲ့ Moon Chae Won ကတော့ ‘Criminal Minds’ နဲ့ ‘Flower of Evil’ ဇာတ်လမ်းတွဲတွေမှာ တွဲဖက်သရုပ်ဆောင်ခဲ့ဖူးသူတွေပါ။ သူတို့ဟာ ဖန်သားပြင်ပေါ်မှာအတွဲညီကြသလို လက်တွေ့ဘဝမှာလည်း သူငယ်ချင်းတွေအဖြစ်ခင်မင်နေကြပုံပါပဲ။ သူတို့နှစ်ဦးရဲ့သူငယ်ချင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေက ရင်ခုန်နေကြပါတယ်။

x
error: Content is protected !!