ဇာတ်လမ်းတွဲအတူရိုက်ကူးစဉ်မှာ ကင်မရာနောက်ကွယ်က Jisoo ရဲ့ပုံစံကိုပြောပြခဲ့တဲ့ Kim Hye Yoon

အပြုံးချိုချိုလေးနဲ့ချစ်စရာကောင်းတဲ့ Jisoo ကတော့ အိုင်ဒေါလ်တစ်ယောက်လည်း ဖြစ်သလို အဓိကဇာတ်ဆောင်အနေနဲ့လည်း Snowdrop ဇာတ်လမ်းတွဲမှာပါဝင်ပြီး ပွဲဦးထွက်ခဲ့ပါပြီ။ Jisoo ကတော့ BLACKPINK အဖွဲ့ဝင်တွေထဲမှာ အသက်အကြီးဆုံးဖြစ်ပြီး ဂရုစိုက်ကြင်နာတတ်တာကို ပရိသတ်တွေသတိထားမိကြမှာပါ။ Snowdrop ဇာတ်လမ်းတွဲရိုက်ကူးရာမှာလည်း Jisoo ကတော့ ကင်မရာနောက်ကွယ်မှာ ရင်းနှီးဖော်ရွေတတ်တဲ့ပုံပါပဲ။


Star1 မဂ္ဂဇင်းနဲ့အင်တာဗျူးမှာတော့ ဇာတ်လမ်းတွဲမှာ အတူပါဝင်ခဲ့တဲ့ Kim Hye Yoon ဟာ ကင်မရာနောက်ကွယ်က Jisoo ရဲ့ ပုံစံကိုပြောပြခဲ့ပါတယ်။ “ငါတို့တွေရုပ်ရှင်ရိုက်နေစဉ်မှာ Jisooနဲ့အရင်းနှီးဆုံးဖြစ်ခဲ့တယ်လို့ ထင်တယ်” လို့ ဆိုပါတယ်။ သူက Jisoo ဟာ တောက်ပတယ်၊တက်ကြွတယ်၊ပျော်ပျော်နေတတ်ပြီး ပေါင်းသင်းဆက်ဆံရလွယ်ကူတဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။


Kim Hye Yoon ကတော့ “ရင်းနှီးဖော်ရွေမှုရှိတဲ့Jisoo ကြောင့် အလုပ်အတူတူလုပ်ရာမှာ စိတ်ထဲမှာသက်တောင့်သက်သာရှိတယ်လို့” ဆိုပါသေးတယ်။ Jisoo က “အရမ်းကိုရင်းနှီးဖော်ရွေတတ်တယ်။ ဒါကြောင့်ငါသူ့ဘေးနားမှာဆို သက်သောင့်သက်သာရှိတယ်လို့ ခံစားရတယ်။ ရုပ်ရှင်ရိုက်ကူးပြီးတဲ့နောက်မှာ အတော်လေးကိုရင်းနှီးလာတယ်လို့ ထင်တယ်။” လို့လည်း ထပ်မံပြောခဲ့ပါသေးတယ်။ Jisoo ကတော့ မျက်နှာသစ်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ကောင်းမွန်တယ်လို့လူပြောများနေရုံတင်မကပါဘူး။ လူမှုဆက်ဆံရေးကောင်းမွန်တယ်လို့လည်း ချီးမွမ်းခံနေရပြန်ပါပြီ။

x
error: Content is protected !!