Han So Hee ကို Ideal Type အဖြစ်ရွေးချယ်ခဲ့တဲ့ Single’s Inferno ပြိုင်ပွဲဝင် Kim Hyun Joong

Netflix ကနေပြသခဲ့တဲ့ Single’s Inferno တီဗွီပရိုဂရမ်ကတော့ ပရိသတ်တွေကြားရေပန်းစားသလို ဒီအစီအစဉ်မှာပါဝင်ခဲ့တဲ့သူတွေကလည်း ပရိသတ်တွေကြားလူသိများလာပါတယ်။ Single’s Inferno မှာပါဝင်ခဲ့တဲ့ မော်ဒယ်လ်တစ်ယောက်ဖြစ်သလို Fitness trainer လည်းဖြစ်တဲ့ Kim Hyun Joong ကတော့ အမေးအဖြေအစီအစဉ်မှာ သဘောကျတဲ့အမျိုးသစမီးပုံစံနဲ့ပတ်သက်ပြီးဖြေခဲ့တဲ့အဖြေကို အင်စတာဂရမ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။


သူကတော့ မင်းသမီးချော Han So Hee ကို Ideal Type အဖြစ်ရွေးချယ်ခဲ့ရုံတင်မက tag တွဲထားလိုက်ပါသေးတယ်။ သူကတော့ လူတော်တော်များများက ကျွန်တော့်ရဲ့ Ideal Type ကို မေးကြတယ်။ Ideal Type ကတော့ Han So Hee ပါပဲ။Single’s Inferno အစီအစဉ်မှာတော့ Kim Hyun Joong ဟာ Song Ji A နဲ့ စုံတွဲတွေဖြစ်ခဲ့ပါတယ်။ ပရိသတ်တော်တော်များများကတော့ တကယ့်လက်တွေ့ဘဝမှာလည်းတွဲနေကြတာလားဆိုတာကို စိတ်ဝင်စားနေကြတာပါ။


Kim Hyun Joong ကတော့ သူ့ရဲ့အကြိုက်ဖြစ်တဲ့ Han So Hee ကို Ideal Type အဖြစ်ရွေးချယ်ပြခဲ့ပါပြီ။ Han So Hee ကတော့ သူ့ရဲ့ထူးခြားတဲ့အလှကြောင့် ပရိသတ်တွေသတိထားမိခဲ့ရတာလည်းဖြစ်သလို အောင်မြင်တဲ့မင်းသမီးတစ်ယောက်အဖြစ်လည်း နေရာယူထားနိုင်ပါတယ်။

x
error: Content is protected !!