အသစ်ထွက်လာမယ့်ဇာတ်လမ်းတွဲရဲ့ဇာတ်ရုပ်တွေကို မိတ်ဆက်ပေးခဲ့တဲ့ Park Min Young နဲ့ Song Kang

Park Min Young နဲ့ Song Kang တို့ကတော့ မကြာခင်မှာထွက်ရှိလာတော့မယ့် အချစ်ဒရမ်မာဇာတ်လမ်းလေးမှာ အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားတာပါ။ ဇာတ်လမ်းတွဲနာမည်ကတော့ Forecasting Love And Weather ဖြစ်ပြီး ကိုရီးယားမိုးလေဝသဌာနမှာရှိတဲ့လူတွေရဲ့အလုပ်နဲ့ဘဝကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ Teaser တွေကတော့ ထွက်ရှိခဲ့ပြီးပါပြီ။


အခုဆိုရင် ဇာတ်လမ်းတွဲရဲ့ပိုစတာလည်း ထွက်ရှိထားပါတယ်။ ဒါ့အပြင် ဇာတ်ညွှန်းဖတ်ပွဲပုံရိပ်တွေလည်း ထွက်ရှိလာပြီဖြစ်ပြီး ဇာတ်ကောင်တွေအကြောင်းကို ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ Park Min Young ကတော့ အလုပ်အလွန်ကြိုးစားပြီး စိတ်တိုစိတ်ဆတ်ပြီး ခပ်တန်းတန်းနေတတ်သူတစ်ယောက်ဖြစ်တဲ့ Jin Ha Kyung နေရာကနေပါဝင်ထားတဲ့အကြောင်း မိတ်ဆက်ပေးထားပါတယ်။ ဒီဇာတ်ရုပ်ကတော့ သူနဲ့အလွန်ကိုက်ညီပြီး သဘာဝကျကျအပြည့်အဝခံစားပြီးသရုပ်ဆောင်ထားတယ်လို့ဆိုပါတယ်။


Song Kang ကတော့ ရာသီဥတုနဲ့ပတ်သက်ပြီအမြဲဂရုစိုက်ကာ လွတ်လပ်စွာတွေးခေါ်တတ်ပြီးညဏ်ရည်မြင့်တဲ့သူတစ်ယောက်ဖြစ်တဲ့ Lee Si Woo နေရာကနေပါဝင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ ကြည့်ရှုသူတွေအတွက် သာယာတဲ့ပိတ်ရက်လေးတွေဖြစ်သွားဖို့အတွက် သာယာတဲ့ရာသီဥတုလေးလိုမျိုးရိုက်ကူးထားတဲ့ ဒရမ်မာလေးဖြစ်အောင်ကြိုးစားထားတယ်လို့ သိရပါတယ်။ Forecasting Love And Weather ဒရမ်မာဇာတ်လမ်းလေးကိုတော့ ပရိသတ်တွေမျှော်လင့်နေကြတော့မယ်လို့ ထင်ပါတယ်နော်။

x
error: Content is protected !!