အပြန်အလှန်ဓာတ်ပုံရိုက်ပေးခဲ့တဲ့ ချစ်စရာပုံရိပ်တွေကို ပြန်လည်မျှဝေခဲ့တဲ့ Jung Hae In နဲ့ Jisoo

Snowdrop ဇာတ်လမ်းတွဲရဲ့အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Jung Hae In နဲ့ Jisoo တို့ကတော့ တစ်ယောက်နဲ့တစ်ယောက်ဓာတ်ပုံရိုက်ပေးခဲ့ကြပါတယ်။ Jung Hae Inကတော့ သူ့ရဲ့အင်စတာဂရမ်မှာ ပုံအနည်းငယ်နဲ့အတူ “Photo by @sooyaaa__,” ဆိုပြီးတော့ ရေးသားထားပါတယ်။


တစ်ရက်တည်းမှာပဲ Jisoo ကလည်း Jung Hae In ဓာတ်ပုံရိုက်ခဲ့တဲ့နေရာမှာပဲ ရိုက်ကူးခဲ့တဲ့ပုံရိပ်တွေနဲ့အတူ “ကျောင်းဖွင့်တဲ့နေ့” ဆိုပြီးတော့ ပုံတွေကို တင်ခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးကတော့ လက်ရှိထုတ်လွှင့်ပြသနေတဲ့ Snowdrop ဇာတ်လမ်းတွဲရဲ့ရိုက်ကွင်းနေရာမှာ ဓာတ်ဖမ်းခဲ့ကြပုံပါပဲ။ ချယ်ရီပင်အောက်မှာရိုက်ကူးခဲ့ကြတဲ့ သူတို့နှစ်ဦးစလုံးရဲ့ချစ်စရာကောင်းတဲ့ပုံလေးတွေကို ပရိသတ်တွေကတော့ သဘောကျနေကြတာပါ။


သူတို့နှစ်ဦးကတော့ Snowdrop ဇာတ်လမ်းတွဲထဲမှာ ဆူဟိုနဲ့ယောင်းရိုအဖြစ်အတွဲညီညီသရုပ်ဆောင်ထားကြတာပါ။ တစ်ယောက်နဲ့တစ်ယောက် ဓာတ်ပုံရိုက်ပေးကြပြီး အချင်းချင်းမန်းရှင်းခေါ်နေကြတာကတော့ ချစ်စရာကောင်းနေတာပါ။ ဇာတ်လမ်းတွဲအတူတူရိုက်ကူးရင်းခင်ခင်မင်မင်ရှိကြတဲ့ သူတို့နှစ်ဦးကို နောက်ထပ်အနုပညာအလုပ်တွေအတူတူလုပ်ဖို့အတွက် တွေ့မြင်ချင်သေးပါရဲ့။

x
error: Content is protected !!