Dermatologist ဇာတ်ရုပ်နဲ့လည်း အလှနတ်ဘုရားမတစ်ပါးလိုလှနေပြန်တဲ့ Son Ye Jin

Son Ye Jin ကတော့ ပြီးပြည့်စုံတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားသလို အမိုက်စားလှတဲ့ဇာတ်ရုပ်တွေကတော့ သူနဲ့ကွက်တိပါပဲ။ အခုလည်း ဆရာဝန်မတစ်ယောက်အဖြစ်နဲ့ဇာတ်ရုပ်အတိုင်းတစ်ထပ်တည်းတကျနေပြီး လှပနေတဲ့အခါ ပရိသတ်တွေရဲ့ချီးမွမ်းသံအများအပြားကို ရရှိနေပါတယ်။


Son Ye Jin ကတော့ “39“ ဆိုတဲ့ဒရမ်မာဇာတ်လမ်းတွဲမှာ အရေးပြားဆေးခန်းရဲ့ ဒါရိုက်တာတစ်ယောက်အဖြစ်ပါဝင်ထားတာပါ။ Cha Mi Jo ဆိုတဲ့ ဒီဇာတ်ရုပ်ဟာ ချမ်းသာကြွယ်ဝတဲ့မိသားစုကကြီးပြင်းလာပြီး အလှအပကနေပြီး အလုပ်အကိုင်အထိ ပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ဦးအဖြစ် ပါဝင်ထားတာပါ။ “39“ ဒရမ်မာဟာ အသက်(၁၈) နှစ်ကတည်းကနေ နှစ်ပေါင်း(၂၀)ကြာအောင် ခင်မင်လာကြတဲ့ အမျိုးသမီး(၃) ဦးအကြောင်းကို အခြေတည်ရိုက်ကူးထားတာပါ။


JTBC ကနေပြီးတော့ ဒရမ်မာဇာတ်လမ်းထဲမှ Son Ye Jin ရဲ့ ပုံရိပ်တွေကိုချပြခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့သဘောကျမှုကိုရရှိနေပါတယ်။ သိပ်မကြာခင်မှာပြသတော့မယ့် “39“ ဇာတ်လမ်းတွဲကို စောင့်မျှော်နေကြတယ် မဟုတ်လားနော်။

x
error: Content is protected !!