တိတ်တဆိတ်ချိန်းတွေ့နေကြတဲ့ Hyun Bin နဲ့ Son Ye Jin တို့စုံတွဲ

တောင်ကိုရီးယားထိပ်တန်းအနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့ကို ပရိသတ်တွေသိကြမှာပါ။ အောင်မြင်မှုတင်မက ပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားတဲ့ဒီစုံတွဲကတော့ အများကအားကျရတဲ့စုံတွဲလည်း ဖြစ်နေတာပါ။ လူသိများတဲ့သူတို့နှစ်ဦးတိတ်တဆိတ်ချိန်းတွေ့နေကြတာကိုတော့ ပရိသတ်တွက သိရှိခဲ့ကြပါတယ်။


လွန်ခဲ့တဲ့အောက်တိုဘာလမှာတုန်းက သူတို့နှစ်ဦးရဲ့လက်မှတ်ထိုးထားတဲ့ပန်းကန်ပြားတစ်ချပ်ရဲ့ဓာတ်ပုံဟာ အွန်လိုင်းမှာပျံ့နှံ့လာခဲ့ပါတယ်။ သူတို့နှစ်ယောက်သွားခဲ့တဲ့ စားသောက်ဆိုင်ကတော့ Hyun Bin နဲ့ Son Ye Jin တို့ရဲ့ ပရိသတ်ဖြစ်နေပုံပါပဲ။ ပရိသတ်တွေကတော့ “သူတို့က တိတ်တိတ်လေးချိန်းတွေ့နေပုံပဲ” “သူတို့လက်မှတ်တွေက လှလိုက်တာ” “သူတို့နှစ်ယောက်ကတော့ လက်တွေ့ဘဝမှာလည်း ဒရမ်မာတွေ ရိုက်နေတာပဲ” စသဖြင့် မှတ်ချက်တွေပေးခဲ့ကြပါတယ်။


Hyun Bin နဲ့ Son Ye Jin တို့ကတော့ The Negotiation ဇာတ်ကားမှာ ပထမဆုံးအနေနဲ့ တွဲဖက်ပြီး သရုပ်ဆောင်ခဲ့ပါတယ်။ Crash Landing On You ဇာတ်လမ်းတွဲမှာတော့ ဒုတိယအကြိမ်ပြန်လည်တွေ့ဆုံရတာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်တွေဖြစ်ခဲ့ပုံပါပဲ။ သူတို့နှစ်ယောက်တွဲနေကြတဲ့အကြောင်းကိုတော့ လွန်ခဲ့တဲ့နှစ်ဇန်နဝါရီလ(၁)ရက်နေ့မှာ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

x
error: Content is protected !!