ရေတပ်မှာ အခြေခံစစ်ရေးလေ့ကျင့်မှုတွေပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့ Park Bo Gum

ပရိသတ်အချစ်တော်မင်းသားချောလေး Park Bo Gum ကတော့ မကြာသေးခင်ကာလကပဲစတင်ပြီးတော့ စစ်မှုထမ်းခဲ့ပါတယ်။ ရေတပ်မှာစစ်မှုထမ်းနေတဲ့ Park Bo Gum ကတော့ ခြောက်ပတ်တာကလအပြီးမှာ အခြေခံစစ်ရေးလေ့ကျင့်မှုတွေ ပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အခြေခံလေ့ကျင့်မှုတွေ ပြီးဆုံးသွားတဲ့အနေနဲ့ ကျင်းပခဲ့တဲ့အခမ်းအနားကို ယူကျူ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။


ရေတပ်ဝတ်စုံကိုဝတ်ထားတဲ့ မင်းသားကတော့ မြင်နေကျပုံစံမျိုးနဲ့မတူဘဲ အခြားသူတွေကြားထဲမှာ ပရိသတ်တွေအတွက်မှတ်မိဖို့ မလွယ်တာလည်း တွေ့ရပါတယ်။ Park Bo Gumကတော့ ရေတပ်ကဖျော်ဖြေရေးတီးဝိုင်းမှာတော့ ယဉ်ကျေးမှုဆိုင်ရာပြည်သူ့ဆက်ဆံရေးစစ်သားအဖြစ်နဲ့တာဝန်ထမ်းဆောင်မှာလည်း ဖြစ်ပါတယ်။ သူကတော့ သြဂုတ်လ(၃၁)ရက်နေ့ကစတင်စစ်မှုထမ်းဆောင်ခဲ့ပြီး (၂၀၂၂)ခုနှစ်ဧပြီလမှာ စစ်မှုထမ်းကာလပြီးဆုံးမှာပဲဖြစ်ပါတယ်။


မြန်မာပရိသတ်တွေထဲမှာလည်း Park Bo Gum ကို အားပေးကြတဲ့ ပရိသတ်တွေများစွာရှိပြီး သူ့ရဲ့ဇာတ်လမ်းတွဲတော်တော်များများကိုကြည့်ဖူးကြမှာပါ။ လက်ရှိမှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ Record of Youth ဇာတ်လမ်းတွဲက ထုတ်လွှင့်ပြသလျက်ရှိနေပါတယ်။
Source :allkpop

x
error: Content is protected !!