Emily in Paris ဆိုတဲ့ ရုပ်သံစီးရီးမှာ သွက်လက်ထက်မြက်တဲ့အမျိုးသမီးလေးအဖြစ်နဲ့ ဖမ်းစားခဲ့ပြန်တဲ့ Lily Collins

ဒီရက်ပိုင်းမှာလူပြောအများဆုံးဖြစ်နေတဲ့ TV Series ကတော့ “Emily in Paris” လို့ပဲ ဆိုရမှာပါ။ ဒီစီးရီးလေးကတော့ ဟာသဒရမ်မာအမျိုးအစားလေးဖြစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းဇာတ်ကွက်လေးတွေကြောင့် ပရိသတ်တွေ ကြိုက်နှစ်သက်မှုများနေတာလည်း ဖြစ်ပါတယ်။ မထင်မှတ်ဘဲ အမေရိကားကနေ ပြင်သစ်ကို အလုပ်အကိုင်အခွင့်အလမ်းတစ်ခုကြောင့် ရောက်ရှိသွားခဲ့တဲ့အမေရိကန်မလေးအကြောင်းကို ပြင်သစ်မြို့ရဲ့အလှတွေနဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးထားတာပါ။


အဓိကဇာတ်ကောင်ဖြစ်တဲ့ Emily Cooper နေရာမှာတော့ မင်းသမီးချောလေး Lily Collins က ပီပီပြင်ပြင်သရုပ်ဆောင်သွားခဲ့ပါတယ်။ Lily Collins ကတော့ အသက်(၃၁)နှစ်ရှိပြီဖြစ်တဲ့ မော်ဒယ်လ်၊မင်းသမီး၊စာရေးဆရာနဲ့ ပရိဂျူဆာတစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်သလို ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ဖူးပြီးနာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ ” Love ,Roise” “Tolkien” စတဲ့ ဇာတ်ကားတွေနဲ့အတူ ပရိသတ်တွေ သိကြမှာပါ။


“Emily in Paris” မှာတော့ ပြင်သစ်စကားမတတ်ဘဲနဲ့ အမေရိကားကိုရောက်လာတဲ့ Lily Collins တစ်ယောက်ကတော့ အခက်အခဲတွေကြားက ပြင်သစ်လူမျိုးတွေကြားထဲမှာ အကောင်းဆုံးကြိုးစားရင်း သဘောကျတဲ့ အမျိုးသားနဲ့လည်း တွေ့ခဲ့ရတဲ့အကြောင်းတွေကို ရိုက်ကူးထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ ပရိသတ်တွေကြားလူပြောများတာကတော့ ပြင်သစ်ရောက် Emily ရဲ့ သဘောကျစရာကောင်းတဲ့ဖက်ရှင်အပြင်အဆင်နဲ့အလှတရားတွေပါပဲ။ မင်းသမီးချောရဲ့ဖက်ရှင်တွေနဲ့အတူ သွက်လက်ထက်မြက်ပြီး အခက်အခဲတွေကြားအကောင်းဆုံးကြိုးစားနိုင်တဲ့ Lily Collins ရဲ့ သရုပ်ဆောင်ချက်တွေကို အကြိုက်တွေ့မှာအမှန်ပါပဲနော်…
Source : cosmopolitan,wiki,photo:pinterest